အခန်း - ၈၅

7.2K 726 8
                                        

Unicode

အခန်း(၈၅)မမျှော်လင့်ထားသောဧည့်သည်-၃

တံခါးပွင့်သွားသည်နှင့် ကုလင်မှာ သူမမြင်လိုက်ရ
သည့်အချင်းအရာကြောင့် ကြောင်အမ်းနေမိတော့သည်။

ချောမောခန့်ညားပြီး အဆင့်တန်းမြင့်မြင့် ဝတ်စား ထားသောယောကျ်ားပျိုတစ်ဦးက တံခါးပေါက်ရှေ့မှာ ရပ်လို့နေ၏။ သူ တံခါးဘဲလ်ကို ဆက်နှိပ်ရန် ပြင်အံ့ဆဲဆဲ တံခါးက ရုတ်တရက်ပွင့်သွားတာကြောင့် လက်ကို ပြန်ချ ကာ သူ့ရဲ့အနွေးထွေးဆုံးသောအပြုံးတစ်ခုကို ဆင်မြန်း လိုက်သည်။ ဒါက ကုကျင် အကြိုက်ဆုံးသောအပြုံးမျိုးဆို တာကို ပြန်တွေးနေမိသည်။ သူ သူမကို ထိုကဲ့သို့ ပြုံးပြီး ကြည့်လိုက်တိုင်း သူမက ရှက်သွေးဖြာသွားတတ်သည် လေ။

"တဆိတ်လောက်ရှင့်, ဘယ်သူ့ကို ရှာနေတာလဲ မသိ ဘူး?"

ကုလင်ရဲ့မျက်နှာသေးသေးလေးက အနည်းငယ်ရဲနေ ၏။ သူမရဲ့လက်တွေက စကပ်ကို ကလိနေပြီး သူမ၏ ရွှန်းလဲ့နေသော တရုတ်ဆီးသီးလိုမျက်ဝန်းဝိုင်းတွေက ထိုအမျိုးသားရှိရာထံ တည်ငြိမ်စွာကြည့်နေ၏။ ထိုသူက အရမ်းချောတာပဲ... စင်ဒရဲလားနဲ့တွေ့ဖို့ နန်းတော်ထဲ ထွက်လာတဲ့မင်းသားလေးအလားပဲ။

ထိုမိန်းကလေးကို မြင်လိုက်ရသည်နှင့် ရှောက်ချောင် ၏မျက်နှာပေါ်ရှိအပြုံးက ချက်ချင်းပင် ပျောက်ကွယ်သွား တော့သည်။ သူက မသိမသာ မျက်မှောင်ကြုတ်လိုက်ပြီး စကားမဆိုရသေးခင် ခြေတစ်လှမ်း နောက်ပြန်ဆုတ်၏။

"မင်္ဂလာပါ... ကျွန်တော်က ကုကျင်ရဲ့ သူငယ်ချင်းပါ... ဝင်လာလို့ရမလား"

သူ့ရဲ့ အကြည့်တို့က အနည်းငယ် သတိထားနေဟန်။

ကုလင်သည် ထိုသူက 'ကုကျင်ရဲ့ သူငယ်ချင်း'ဆိုတာ ကို ကြားလိုက်ရတာကြောင့် ဘယ်လိုတုံပြန့်ရမလဲ မသိ ဖြစ်သွား၏။ သူမက ဒီတိုင်း 'အာ'ဟူ၍သာ တိုးတိုးလေး တုံ့ပြန်လိုက်ပြီး ရှက်ကိုးရှက်ကန်းနှင့် သူ့ကို အထဲဝင်ဖို့ လက်ဟန်ပြသည်။

"ဟုတ်..ဝင်ခဲ့ပါ"

ရှောက်ချောင်သည် နောက်မှ ခြေလှမ်း ၂လှမ်း ၃လှမ်း လောက် ခွာပြီးမှ တိတ်ဆိတ်စွာ လိုက်လာခဲ့၏။ သူ့ရဲ့ အတိတ်ဘဝက မှတ်ဉာဏ်တွေက ထိုမိန်းကလေးနဲ့ ပတ် သတ်ဆက်ဆံခြင်းက ပြဿနာတွေကိုသာ ဦးတည်နေ မယ်လို့ သူ့ကို သတိပေးလို့နေသည်။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Donde viven las historias. Descúbrelo ahora