အခန်း - ၁၅၅

10.4K 500 21
                                        

Unicode

အခန်း(၁၅၅) နောက်ဆုံးပိုင်း- ဒီဘဝ (မူလပိုင်ရှင်)

ကုကျင်ပြန်နိုးလာသောအခါ ဂျူနီယာစာသင်နှစ်ကို ပြန်ရောက်လို့နေ၏။

အရင်တစ်ခေါက်နှင့်မတူတာက ဒီတစ်ချိန် ပြန်လည် မွေးဖွားလာခြင်းက အချိန်ဇယားထက် ၂ လပိုစောသည်။

၃ ရက်ကြာပြီးတာတောင် ကုကျင် ခေါင်းရှုပ်နေရဆဲ ဖြစ်၏။ နှစ်ခါပြန်လည်မွေးဖွားဖို့ဆိုတာ တကယ်တော့ အိမ်မက်ပဲဖြစ်နိုင်သည်လေ။

သို့သော် တကယ်ပဲဖြစ်ပျက်ခဲ့ပါ၏။

သူမ၏ အရင်ဘဝက မှတ်ဉာဏ်တွေ ရှိနေတုန်းပါပဲ။

သူမ သေသွားခဲ့ပြီးတဲ့နောက် ဝိညာဉ်က ပျောက်ကွယ် မသွားခဲ့ပါ။ ဒါပေမယ့် တကယ်လူတိုင်း၏အဆုံးသတ်ကို မျက်မြင်တွေ့ခဲ့ရသည်။ သူမ ပြန်ပေးဆွဲခံရတဲ့အချိန်မှာ ရှောက်ချောင်ဟာ ချုန်ရှင်းကလေးမွေးတာကို ဆေးရုံ အဖော်လိုက်သွားပေးခဲ့တာပဲ။ ကုကျင်၏အနက်ရှိုင်းဆုံး သောဒေါသတွေနှင့် မလိုလားမှုတွေက လေထုကို မတည် မငြိမ်ဖြစ်စေခဲ့သည်။ အံ့အားသင့်ဖွယ်ကောင်းစွာ လေပွေ တစ်ခု ရုတ်တရက်ဖြစ်ပေါ်လာပြီး သူမကို စုပ်ယူသွားခဲ့၏။

လေပွေ၏စွမ်းအားက အရမ်းအားကောင်းလွန်းတာ ကြောင့် သူမ၏ဝိညာဉ်က သတိလစ်မေ့မျောသွားခဲ့သည်။ သူမ နိုးလာတော့ အသက် ၂၀ အရွယ်ကို ပြန်ရောက်လာ တာကို တွေ့လိုက်ရ၏။ သို့သော် သူမ၏ ပြန်လည်မွေးဖွား မှုအတွက် အောင်ပွဲမခံရသေးခင် သူမ၏ခန္ဓာကိုယ်ကို အခြားတနယ်တကျေးက ဝိညာဉ်တစ်ခုက ပိုင်ဆိုင်ထား သည်ကို တွေ့ရှိခဲ့သည်။

သူမခန္ဓာကိုယ်ကို အသုံးပြုဖို့ ယှဉ်ပြိုင်တော့မည့် အလုပ်မှာ ဝိညာဉ်နှင့် ခန္ဓာကိုယ်၏တည်ငြိမ်မှုမရှိခြင်းက သူမကို တစ်ဖန် သတိလစ်မေ့မျောသွားစေခဲ့ပြန်သည်။ ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုကြား တွန်းကန်ပွတ်တိုက်မှုက သူတို့၏မှတ်ဉာဏ်တွေကို ရောထွေးသွားစေပြီး သူမအား လွှမ်းမိုးမတတ် ဖြစ်သွားသည်။

နောက် ၃ လအကြာမှာ ကုကျင်နိုးလာခဲ့ပြီး အခြားသူ ၏မှတ်ဉာဏ်တွေကြောင့် တုန်လှုပ်ခဲ့ရသည်။ သူမနေထိုင် ခဲ့သောကမ္ဘာကြီးက အမျိုးသမီးဇာတ်လိုက်သည် ချုန်ရှင်း ဖြစ်နေသောဝတ္ထုတစ်ပုဒ်တဲ့။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now