အခန်း - ၄၀

11.9K 1.2K 14
                                        

Unicode

အခန်း(၄၀)ပထမဆုံးဒိတ်-၂

ကံကြမ္မာက တစ်ပတ်ပြန်လည် ရိုက်ခတ်ဆဲပါပဲ။ ဖန်ယွမ်ရဲ့လူတွေက သူတို့အလုပ်ကို ကောင်းကောင်း မလုပ်ခဲ့ကြဘူးလေ..... မုမျင်ချန်ရဲ့အကျပ်ရိုက်ခြင်း ရလဒ် တောင် ဖြစ်လာခဲ့သေးသည်။ ကာမအားတိုးဆေးနဲ့ မိန်းမ တွေကတော့ သူတို့အမှားကြောင့်မဟုတ်ပေမယ့်လည်း သူတို့စားသောက်ဆိုင်မှာ ဖြစ်သွားခဲ့တဲ့ ကိစ္စအတွက်က တော့ သူတို့ တာဝန်ယူသင့်သည်လေ။

ယဥ်ကျေးရည်မွန်တဲ့မျက်နှာဖုံးအောက်က မုမျင်ချန် သည် သွေးအေးတဲ့လူတစ်ယောက်ဆိုတဲ့ ကောလဟာလ တွေကလည်း ပြန့်ခဲ့ပါသေး၏။ တစ်ဖက်အဖွဲ့က သူ့ကို ဆက်သွယ်မလာခဲ့တဲ့အခါ ဖန်ယွမ်က ရက်အနည်းငယ် လောက် စိုးရိမ်နေခဲ့ရသည်။ ပြီးတော့ သူ့ရဲ့စားသောက် ဆိုင်ကို မကြာခင် ပိတ်သင့်ရဲ့လားလို့တောင် စဥ်းစားနေခဲ့ သေးသည်။

ဒီလုပ်ငန်းဟာ နှစ်အနည်းငယ်ကြာအောင် လည်ပတ် နေခဲ့တဲ့အတွက် အရှုံးခံလိုက်ဖို့ကို အင်တင်တင်ဖြစ်နေမိ သည်။ သူက မှားယွင်းတဲ့လူတစ်ယောက်ကို အပြစ်ပြုမိဖို့ တတ်နိုင်ရဲ့လား?.....။
အဆောက်အဦးတန်ဖိုးက မြင့်မားလှသည်။ ဒါပေမယ့် မုမျင်ချန်အမေရဲ့မိသားစုအရှေ့မှာတော့ သူ နာခံရုံပဲ တတ်နိုင်ပါသည်။

သို့သော် အခုလက်ရှိ အနေအထားအပေါ် အခြေခံရ လျှင် သူ့မှာ မျှော်လင့်ချက် ရှိပါသေး၏။

မုမျင်ချန်က မိန်းမလှလေးတစ်ယောက်ကို ရယူထား နိုင်လိုက်ခဲ့သည်မဟုတ်လား?။

အဲ့အတိုင်းပင် မုမျင်ချန်သည် ညင်သာစွာပြုံးပြလာပြီး

''ဒီကိစ္စက စားသောက်ဆိုင်နဲ့မဆိုင်ဘူး...ငါ့ကို လာရှုပ် ရဲတဲ့အဲ့လူတွေနဲ့ပဲ ပတ်သက်တယ်...''

ထိုယောက်ျားက 'ဒီကိစ္စနှင့်ပတ်သက်တယ်'ဆိုတဲ့ စကားလုံးကို အလွန်ပေါ့ပါးစွာနဲ့ပဲ ပြောလိုက်တာဖြစ်ပေ သည်။ ဒါပေမယ့် ဖန်ယွမ်ရဲ့ နှလုံးသားလေးကတော့ အေးစိမ့်လို့လာပါ၏။ ​ရှေးကျတဲ့အချိန်တွေကတည်းက အအောင်မြင်ဆုံးလူတွေဟာ ကိုယ်ဟန်အမူအရာကောင်း ရှိပြီး စကားပြောလည်း ကောင်းကြသည်။ ဒါပေမယ့် တစ် ယောက်ယောက်က လူကြီးလူကောင်းတွေဖြစ်တဲ့ သူတို့ တွေကို တကယ်လေ့လာကြည့်ခဲ့မယ်ဆိုရင် အဲ့တစ် ယောက်ယောက်က သေဆုံးခြင်းနဲ့ အဆုံးသတ်သွားပေ လိမ့်မည်။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Место, где живут истории. Откройте их для себя