အခန်း - ၁၀၅

6.1K 558 15
                                        

Unicode

အခန်း(၁၀၅) ဘေးရန်ဆီးကာ

ည ၁၀ နာရီလောက်မှာ ကုကျင် မုမျင်ချန်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။ သူပြောတာက သူမကို သူကိုယ်တိုင် လာကြိုမယ်ဆိုတဲ့အကြောင်းပင်။

အကြောင်းပြချက်ကို ရှင်းပြပြီးနောက် မုမျင်ချန်က အဝတ်အစားနှစ်စုံစာ ယူလာခဲ့ပြီး သူမအဆောင်သို့ ထွက် လာခဲ့တော့သည်။

ပြီးခဲ့သည့်နှစ်ရက်မှာ ရာသီဥတုက အနည်းငယ် ပိုအေးလာခဲ့သည်။ ကျောင်းဂိတ်ပေါက်ဝမှ လေအေးအေး တို့ တဖြူးဖြူးတိုက်ခတ်နေခဲ့သည်။ ကုကျင်က ကုတ်တစ် ထည်ကို အပေါ်က ထပ်ဝတ်လာပြီး ထွက်လာစဉ်မှာတော့ ရပ်ထားသည့်ကားရဲ့မီးလုံးတို့က ပွင့်လာခဲ့၏။

"ရှင် ဒဏ်ရာရထားတယ်မလား.. ကျွန်မကို ကိုယ်တိုင် လာကြိုပေးစရာမလိုပါဘူး"

ကုကျင်က မုမျင်ချန်၏ရင်အုပ်နေရာကို ကြည့်လိုက် သည်။

"လောင်လျို့ကို လာကြိုခိုင်းလို့ရတာပဲ"

မုမျင်ချန်က သူမကို ရှင်းပြသည်။ အမှောင်ထဲက လူ သည် သူ့ပန်းတိုင်ကို မအောင်မြင်ခဲ့သည့်အတွက်ကြောင့် ကျောင်းမှာရှိနေတဲ့သူမကို ပစ်မှတ်ထားမှာ စိုးမိကြောင်း ပြောပြသည်။ တက္ကသိုလ်ကျောင်းသားတွေကြားမှာ ရော နေပြီး သူ့ကိုယ်သူ ရုပ်ဖျက်ဖို့ဆိုတာက ကြေးစားလူသတ် သမားတစ်ယောက်အတွက် ထမင်းစားရေသောက်သာ ဖြစ်သည်။

သူမရဲ့လုံခြုံရေးကို ခြိမ်းခြောက်နေသည့် လျှို့ဝှက် အန္တာရာယ်တွေ အများအပြားရှိနေ၏။

"လောင်လျို့က ကျောင်းမှာ တစ်ချိန်လုံး ရှိနေရမှာ ပေါ့"

ကုကျင်က ပြော၏။ မုမျင်ချန်သည် သူမ၏လေသံ ထဲမှစိုးရိမ်ပူပန်မှုတွေကို သတိပြုမိလေသည်။ သူက ပြုံးပြ ကာ စကားဆိုလာသည်။

"မအံ့ဩပါနဲ့.. သူက ကိုယ်ယောင်ဖျောက်တဲ့နေရာမှာ တော့ ဆရာကြီးပဲ.. သူ့ကို ရှာတွေ့ဖို့ဆိုတာမလွယ်ဘူး"

အမြဲလိုလို တည်ငြိမ်နေတတ်သည့် ကုကျင် တစ် ယောက် ဒီအချိန်မှာတော့ အားစေးမိနေခဲ့သည်။ ဒီလို ကာကွယ်မှုအဆင့်ကြီးလောက်ထိ သူမက လိုအပ်နေပြီ လား? သူ၏အထူးတလည် ဘေးရန်ကားဆီးခြင်းအတွက် အကြောင်းပြချက်ဆိုသော်ငြား သူမကတော့ မလိုချင်ပါ။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Место, где живут истории. Откройте их для себя