အခန်း(၁၀၉+၁၁၀)

5.6K 504 28
                                        

Unicode

အခန်း(၁၀၉)သောင်းကျန်းလွန်းသောလက်များ

အိမ်အတွင်းပိုင်းအဲယားကွန်းသည် လေထုကို အေးမြ နေစေပြီး မုမျင်ချန်ကို ချွေးအအေးပတ်သွားစေမှာစိုးတာ ကြောင့် စောင်တွေကို အကုန်ဖယ်ပစ်ပေးလိုက်သည်။

ကုကျင်သည် လက်တစ်ဖက်တည်းနှင့် စောင်ကို စမ်းဝါးဝါးနှင့်လုပ်နေပြီး အချိန်ခဏကြာပြီးနောက် သူ၏ ရှပ်အင်္ကျီကို ကြယ်သီးစဖြုတ်သည်။

အိပ်ယာထဲမှာက အရမ်းကိုပူနေ၏။ ကုကျင်သည် သူ့လက်ကို ပြန်လည် ချထားပေးလိုက်သည့်အခါမှာ လက်ဖဝါးတွေထဲမှာ ချွေးတွေနှင့် စိုစွတ်လို့နေခဲ့၏။

ဆရာဝန်ပေးထားသည့်ဆေးတွေထဲမှာ အိပ်ချင်စေ သောဆေးဝါးများလည်း ပါ၏။ ထို့ကြောင့် ကုကျင်၏ လှုပ်ရှားမှုတွေက ဆူညံနေရင်တောင်မှ မုမျင်ချန်အတွက် အနှောက်အယှက်ဖြစ်ခြင်းမရှိချေ။

သူ့စိတ်ကတော့ တောက်လောင်နေမလား ဒါမှ မဟုတ် သူမ၏တည်ရှိနေမှုကြောင့် စိတ်ချလက်ချရှိနေ သလားဆိုတာတော့ မည်သူမျှ မသိနိုင်ချေ။ သို့သော် မုမျင်ချန်၏မျက်လုံးတွေကတော့ အနှောက်အယှက်ကင်း စွာ မှိတ်ကျလို့နေပေသည်။ အိပ်နေစဉ်အတွင်းမှာတော့ နိုးနေသည့်အခါတွေနှင့် ယှဉ်လျှင် သူသည် ပို၍ပွင့်လင်းပြီး သတိကြီးသည့်ဟန်မပေါ်တော့ချေ။

ကုကျင်က ပဝါတစ်ထည်နှင့် သူ့နဖူးကို အရင်သုတ် ပေးသည်။ မျက်ခုံးနေရာသို့ ရောက်လာသောအခါ မျက် တောင်တို့က တဖျက်ဖျက်တုန်လာခဲ့၏။ သက်တောင့် သက်သာမဖြစ်နေသလိုမျိုး။

ကုကျင်သည် ပဝါကို အမြန်ဖယ်၍ ထိုအမျိုးသားအား စေ့စေ့စပ်စပ်လိုက်ကြည့်မိသည်။ အလုံးစုံ လိုက်ကြည့်ပြီး နောက်မှာတော့ သူမ ရုတ်တရက် အနည်းငယ်မျှ မနာလို သွားမိ၏။

ဒီလူရှည်ကြီးကတော့လေ.. သူ့မျက်တောင်တွေက မိန်းကလေးတွေထက်တောင် ပိုရှည်နေသေး၏။ သူမ တောင်မှ အပါအဝင်ပဲ။

တစ်ခဏလောက် စိတ်ထဲကနေ ကြိတ်၍စူအောင့် လိုက်ပြီးနောက် ဒေါက်တာ၏ညွှန်ကြားချက်တွေကို ပြန် တွေးပြီး မုမျင်ချန်ရဲ့ခန္ဓာကိုယ်ကို ချွေးဆက်သုတ်ပေး လိုက်သည်။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now