အခန်း - ၉၅

6.7K 663 9
                                        

Unicode

အခန်း(၉၅) သူ၏နောင်တ

"ကယ်ဖို့က သူ့အတွက်လွယ်ပါတယ်.. ဒါပေမယ့် သူ့ အသက်ကို ထိန်းသိမ်းဖို့ကတော့ ပိုပိုခက်ခဲလာတော့မှာ"

အနက်ရောင်ဝတ်ဆင်ထားသောအမျိုးသားက ကြိမ်း ဝါးသည်။

"ငါသူ့အပေါ်မှာ ကျည်ရာတစ်ခု တင်နိုင်ခဲ့တယ်ဆိုတဲ့ အချက်က ငါ့အလုပ်မှာ ငါ့အတွက်နာမည်တစ်ခုရဖို့တော့ လုံလောက်တယ်"

K ဘာကြောင့် ဒီအလုပ်ကို လက်ခံခဲ့ရသလဲဆိုတဲ့ အကြောင်းပြချက်ကတော့ အင်တာနက်ပေါ်က မုမျင်ချန် ရဲ့ဓာတ်ပုံကို ဖျက်ခနဲမြင်လိုက်လို့ပါပဲ။

မုမျင်ချန်၏လက်ရှိအသွင်အပြင်က လွန်ခဲ့သောနှစ် အနည်းငယ်ခန့်ကနဲ့ အတော်လေးကွာခြားနေသော်လည်း K ကတော့ ထိုလူသားကို မှတ်မိဆဲပါပဲ။ သူ့ခန္တာကိုယ်က ပြာအဖြစ်ပြောင်းသွားခဲ့ရင်တောင် မှတ်မိနေဉီးမှာပါ။ ဘာ့ ကြောင့်လဲဆိုတော့ တစ်ခုတုန်းက Kသည် ထိုလူကြောင့် ပုန်းခိုစရာနေရာတစ်ခုပင် မရှိအောင် အလိုက်ခံခဲ့ရလို့ပင်။ ဒါကြောင့် ဘာပဲပေးဆပ်ရပေးဆပ်ရ ဘာနောက်ဆက်တွဲ ကြီးပဲရှိနေနေ သူ မုမျင်ချန်ကို လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်ခဲ့ တာပဲ။

သေနတ်များ၏ ယခင်ဘုရင်ဖြစ်သူပေါ်ကို ကျည်ရာ တစ်ချက်ပေးနိုင်ခဲ့ခြင်းက Kအတွက်တော့ ဒီဘဝတစ် လျှောက် ဂုဏ်ယူစရာအကောင်းဆုံးသောစွမ်းဆောင်ချက် ပဲ။

"ခင်ဗျား ပိုက်ဆံမလိုချင်ဘူးလား?"

ကျောပိုးလွယ်အိတ်နှင့်လူက မျက်လုံးတို့ကိုမှေးကျဉ်း ထားရင်း ပြောသည်။

"တွေးထားလိုက်" ထိုသူက သစ်သားအိတ်ဆီသို့ ဉီးတည်သွားရင်း အနက်ရောင်ဝတ်စုံနှင့် Kကို ပြန်ပြော သွားသည်။ မျက်တောင်တစ်ခတ်မှာပင် သေနတ်က ဘယ်နေရာက ဘယ်သူမှန်းမသိတဲ့သူဆီ ပျောက်ကွယ် သွားသည်။

သူက ပေါ့ပေါ့ပါးပါးပင် ဆိုသည်။

"ငါက မုမျင်ချန်ကိုယ်ပေါ် သေနတ်ရာပဲ ပေးနိုင်ခဲ့တဲ့ အတွက် သဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းအရ ငါ့အလုပ်ရှင်က ငါ့ကို ပိုက်ဆံပေးမှာမဟုတ်ဘူး"

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Dove le storie prendono vita. Scoprilo ora