အခန်း - ၁၃

11.6K 1.4K 58
                                    

အခန်း(၁၃)အိမ်သို့ အလည်ပြန်ခြင်း

"လမ်းခွဲကြရအောင်"

သူ အသေအချာကြီးကို ကြားလိုက်ရတာဖြစ်သည်။

"ရှောင်ဂျင်, ငါချုန်ရှင်းကိုဖတ်လိုက်တာလေးအတွက် ကြောင့် မင်း ငါနဲ့လမ်းခွဲမလို့လား?"

ရှောက်ချောင်သည် ကုကျင် သူနဲ့တကယ်ကြီး လမ်းခွဲဖို့ စပြောလာတာကို အံ့​သြသွားသည်။ ဒါပေမယ့် သူက ဂရု တော့မစိုက်ပေ။ သူမက သူနဲ့ဒီတိုင်း ဟာသလုပ်နေတယ် လို့ပဲ ယူဆ၍ နူးနူးညံ့ညံ့လေး ပြန်ပြော၏။

"မင်း ဘာလို့အဲလိုအရာမျိုးကို ​ပြောရတာလဲ...ငါက သူမကို နှစ်သိမ့်ဖို့ ငါ့ပခုံးကို ငှားပေးရုံသက်သက်ပါဘဲ.... ငါတို့အားလုံးက သူငယ်ချင်းကောင်းတွေပဲလေ... စိတ်ထဲ အများကြီးမထားပါနဲ့.... ကောင်းပြီလား"

"မဟုတ်ဘူး" ကုကျင် က ခေါင်းခါသည်။

"ဒါက နင်သူမကို ဖတ်ခဲ့တဲ့အတွက်ကြောင့် မဟုတ်ပါ ဘူး"

"နင့်ရဲ့ နှလုံးသား..... နင့်ရဲ့မျက်ဝန်းတွေက နင် ငါ့ကို မကြိုက်ဘူးလို့ (ငါ့ကို) ပြောနေကြတယ်"

သူမက ​ရှေ့တစ်လှမ်းတိုးလိုက်ပြီး သူ့ကို ကြည့်လိုက် ၏။ သူမတို့နှစ်ယောက်ရဲ့ အရပ်ကွာခြားမှုကြောင့်တော့ သူမရဲ့အရှိန်အဟုန်ကို လျော့ကျမသွားစေပါဘူး။ အဲ့အစား သူမရဲ့ အလျော့မပေးတတ်သော သန်မာသောပုံကိုသာ ပြသလို့နေသည်။

"နင်ကြိုက်တဲ့လူက"

သူမက အသက်ပြင်းပြင်းရှူလိုက်ရင်း သူရဲ့မျက်လုံး အတွင်းထဲထိ စိုက်ကြည့်ပြီးပြောသည်။ သူမရဲ့သတ္တိကို လှုံ့ဆော်နှိုးဆွနေသလို သူမပြုံးဖို့ရာ အားစိုက်ထုတ်ရင်း

"ချုန်ရှင်းပဲ"

သံသယဖြစ်ဖွယ် မလို။ ဒါက အမှန်တရားပဲ။

ဗုန်းးးးး.....

သူမရဲ့စကားတွေက မိုးကြိုးပစ်ချလိုက်သလိုပင် ရှောင့်ချုံရဲ့စိတ်ကို တုန်လှုပ်သွားစေသည်။

သူမ ဘယ်လိုသိခဲ့သွားတာလဲ.....

သူမ ဘယ်အချိန်က သိရှိသွားခဲ့တာလဲ....

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now