အခန်း - ၃၀

11.8K 1.3K 28
                                        

Unicode

အခန်း(၃၀)တာ့ရီးမား(ရာသီ)

ချက်ချင်း မုမျင်ချန်ရဲ့စိတ်အခြေအနေက ရေခဲမှတ်ထိ ကျဆင်းသွားသည်။ သူ့ကိုလက်ခံဖို့ အဲ့လောက် ခဲယဥ်း လေသလား?

သူက အင်တင်တင်ဖြင့် နည်းနည်းလောက် နောက် ဆုတ်လိုက်ပြီး သူမကို သူ့ကိုယ်အလေးချိန်ဖြင့် လှုပ်မရ အောင် ညှပ်မထားတော့ပေ။

သူက မှုန်ကုပ်ကုန်မျက်နှာပေးဖြင့် မေး၏။

"မင်း ဘာဖြစ်နေတာလဲ"

သူက သူ့ရဲ့လက်စားချေမှုကိုတောင် သေချာမလုပ်ရ သေးလျက်နှင့် ဒီမိန်းမရဲ့ခန္ဓာကိုယ်အခြေအနေက ရုတ် တရက် ဘယ်လို့ကြောင့် အရမ်းဆိုးဝါးလာရတာလဲ?

လောလောဆယ် အရင်ရက်အနည်းငယ်လောက်က မှုန်ဝါးဝါးအခန်းထဲမှာတောင် ထိုမိန်းကလေးရဲ့ ရိုက်ချက် တွေက အားနည်းချက် တစိုးတစိမှမရှိဘဲ လျင်မြန်ပြီး ကျွမ်းကျင်လှတယ်လေ။

ကုကျင်သတိလွတ်မေ့မြောမသွားခင် ယောကျ်ားတစ် ယောက်ရဲ့အသံတစ်သံက သူမကို ဖြည်းညှင်းစွာ သူမရဲ့ အသိစိတ်ဆီ ခေါ်ဆောင်သွားသည်။

သူမ ဝမ်းဗိုက်အောက်ပိုင်းက စူးရှလှတဲ့နာကျင် ကိုက်ခဲမှုကြောင့် နိုးလာခဲ့သည်။

ကုကျင်သည် နာကျင်မှုကြောင့် ညည်းတွားမြည်တမ်း မှုကို ခုခံတွန်းလှန်ခဲ့သည်။ ထို့နောက် ကုကျင်က သူမရဲ့ အကြည့်ကို ချောမောခန့်ညားတဲ့အမျိုးသားဆီ မရွေ့ခင် သူမကို မြဲမြံစွာချုပ်ကိုင်ထားသည့် ကျစ်လျစ်တဲ့လက် မောင်းကို ယဲ့ယဲ့လေး ကြည့်လိုက်၏။

အဲလိုမျက်နှာထားက တကယ်ကို ဆွဲဆောင်မှုရှိတာ ပဲ။ သို့သော် ချောမောလှပတဲ့ရုပ်အသွင်အပြင်က သူမရဲ့ စိတ်ဝင်စားမှုကို မနိုးဆွနိုင်ပေ။ အဲတာကို ပိုင်ဆိုင်ထားတဲ့ သူက နတ်ဆိုးတစ်ကောင်ဖြစ်နေရင်တောင်မှပေါ့။

'သူမ ဝေဒနာခံစားနေရတာများလား?' မုမျင်ချန်တွေး လိုက်မိသည်။

ထိုအချိန်အတောအတွင်းမှာပဲ ကုကျင့်ငဘ် စောစော က သူ့မေးခွန်းကို ကြားယောင်မိသောအခါ သူ့အနေနဲ့ သူမရဲ့အခြေအနေနဲ့ပတ်သတ်ပြီး ရှုပ်ထွေးနေတယ်ဆို တာကို သိလိုက်ရ၏။ သူမ(လက်ရှိကုကျင်)ရဲ့ အရင်ကမ္ဘာ မှာတောင် အမျိုးသားအများစုက အမျိုးသမီးတွေရဲ့ အခက်အခဲတွေကို မှန်းဆရမှာ မတော်ကြပေ။ သူမက သရော်ပြုံးပြုံးပြီး သိသိသာသာ ဆူပစ်လိုက်သည်။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now