အခန်း - ၂၉

11.8K 1.2K 31
                                        

Unicode

အခန်း(၂၉)ဓားတစ်ချောင်းကြောင့် နာကျင်ရသော

သူမရဲ့အရင်ဘဝတုန်းက ကုကျင်သည် မိန်းကလေး သူငယ်ချင်းတွေဆီကနေ ပြင်းပြင်းထန်ထန် နာကျင်ရတဲ့ ရာသီကြောင့် ဗိုက်အောင့်တဲ့အကြောင်း ညည်းညူကြတာ တွေကို ခနခန ကြားခဲ့ရ၏။

"အဲ့ဒါက အရမ်းကို နာတယ်... သည်းမခံနိုင်လောက် ကိုပဲ အဲ့ဒါက.....''

"အဲ့ခံစားချက်က သန်မာတဲ့​ယောက်ျားတစ်ယောက် က နင့်ရဲ့ဝမ်းဗိုက်ကို ကြီးမားလှတဲ့လက်သီးနဲ့ ထိုးလိုက် သလိုမျိုးပဲ........''

"နာကျင်မှုက အရမ်းကိုသိသာလွန်းတယ်... စူးရှတဲ့ ဓားတစ်လက်က နင့်အသားထဲ ဖောက်ဝင်သွားသလိုမျိုး ပဲ''

သူတို့ရဲ့ညည်းညူသံတွေကို သူမ ကြားနေရပေမယ့် သူမက သူတို့တွေက ချဲ့ကားပြောနေကြတာပဲလို့ ထင်ခဲ့မိ တာပါပဲ။ သူမဖြစ်တဲ့အခါမှာကျ သူမရာသီရဲ့ ပထမဆုံး နှစ်ရက်အတွင်း နာကျင်မှုအနည်းငယ်ကိုပဲ မကြာခဏ ခံစားခဲ့ရတာလေ။ ပြီးတော့ အဲ့နောက်ပိုင်းတွေကျ ဘယ် လိုနာကျင်မှုကိုမှ သူမနောက်ထပ် မခံစားရတော့ဘူး။ အဆုံးမှာတော့ ကုကျင်ဟာ သူမသူငယ်ချင်းတွေရဲ့ ဘယ် အဖြစ်အ​​ပျက်ကိုမှ နားမလည်နိုင်ခဲ့ပေ။

{T/N: Youတို့တော့ မသိဘူး..MeMei အဲ့ဒါဖြစ်ပြီဆိုရင် လူက ဗိုက်အောင့်ရင်အောင့် မဟုတ်ရင် ညောင်းညာကိုက် ခဲ မဟုတ်ရင် အရမ်းအရမ်းကို အိပ်ချင်တာ.... ငယ်ငယ်က ဆို ဗိုက်အောင့်လွန်းလို့အဖျားဝင်ပြီး အိပ်ရာက မထနိုင် တာတောင် ဖြစ်ခဲ့သေးတယ်....}

ဒါပေမယ့် အခုတော့သူမမှာ သူမကိုယ်တိုင် အဲ့အဖြစ် အပျက်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံနိုင်ဖို့ အခွင့်အရေး ရလာခဲ့ပါပြီ။

သူမဆီတိုးဝင်လာတဲ့ နာကျင်မှုကြောင့် ကုကျင်က မျက်မှောင်ကြုတ်လိုက်ပြီး သွားတွေကို တင်းတင်းစေ့ကာ အံကြိတ်လိုက်မိသည်။ သူမရဲ့မျက်နှာဟာ မြန်မြန်ကို ဖျော့တော့သွားပြီးတော့ ပါးလွှာတဲ့ ချွေးစေးတစ်လွှာက သူမရဲ့သေးငယ်ပြီးလက်ရာမြောက်လှတဲ့ နှာခေါင်းထိပ် လေးမှာ ဖြစ်ပေါ်လာခဲ့၏။ သူမရဲ့ဖျော့တော့လှတဲ့ အသား အရေအောက်က အပြာရောင်သွေးကြောတွေဟာ သိသိ သာသာကို စတင်ဖောင်းလာ၏။ ထိုယောက်ျားရဲ့ ပေါင်တံ တွေရဲ့တစ်ဖက်က သူမရဲ့ ဒူးခေါင်းတွေဟာ အားနည်းစွာ တုန်ယင်လာခဲ့သည်။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now