Unicode
အခန်း(၁၄၀) ပွဲကြီးပွဲကောင်း-၄
အမျိုးသားဖြစ်သူသည် မျက်နှာကိုလက်နှင့်ကာထား ပြီး ထွက်သွားဖို့အော်ဟစ်နေပေမယ့် ကင်မရာမီးကတော့ တဖျက်ဖျက်လက်နေဆဲပါပဲ။
"ဒါဘာမှမဟုတ်ပါဘူး။ ကျွန်တော်တို့ လုပ်ရမယ့် အရာပါပဲဗျာ"
အင်တာဗျူးခံနေရသော အရပ်ရှည်ရှည်ရဲဝန်ထမ်း သည် ကင်မရာကို မျက်နှာချင်းဆိုင်ထားကာ တည်ကြည် ၍ ခံ့ညားနေသည်။
ဖြစ်ပျက်ခဲ့သည်များကို ရှင်းပြပြီးနောက် သူက နည်း လမ်းတကျ ရှင်းပြနေသည်။
"အမျိုးသားရေးမုဝါဒကို ဖော်ဆောင်ဖို့၊ တရားဉပဒေ စိုးမိုးဖို့၊ ပြည်သူများအတွက် သန့်ရှင်းလှပသော ပတ်ဝန်း ကျင်တစ်ခု ဖန်တီးပေးဖို့ရာက ကျွန်တော်တို့ ရဲတွေရဲ့ တာဝန်ပါ။ နောင်များမှာ ကျွန်တော်တို့ရဲ့ ပြည့်တန်ဆာ လုပ်ငန်းပပျောက်ရေးနှင့် တရားမဝင်ဖြန့်ဝေမှုပပျောက် ရေးကို ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီလို ဆက်စပ်တဲ့အခြေအနေမျိုးကို တက်တက်ကြွကြွ သတင်း ပို့ပေးဖို့ရာ လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်။ နောက်ပြီး ကျွန်တော်တို့ အရာရှိတွေရဲ့တာဝန် လုပ်ဆောင်ချက်များ ကို စောင့်ကြည့်နေပေးဖို့ မျှော်လင့်ပါတယ်ဗျ"
ကျွက်ကျွက်ညံအောင် ဆူညံသံများနောက် ရဲများ သည် ထိုစုံတွဲအား ရဲကားထဲသို့တင်၍ ခေါ်ဆောင်သွားနိုင် ခဲ့ပါသည်။ မထွက်ခွာကြခင်မှာ အရပ်ရှည်ရှည်ရဲက နောက်ကျ သတင်းတင်တဲ့အခါ ဒီအမျိုးသားနှင့်အမျိုး သမီးရဲ့မျက်နှာတွေပေါ် ရုပ်ပုံများနှင့်ဖုံးထားပေးဖို့ သတိ ပေးသွားခဲ့သည်။
ကုကျင်ဟာ အရူးမဟုတ်ပါ။ မုမျင်ချန် စီစဉ်သွားသမျှ ကို သူမမြင်နိုင်ပါသည်။ သူမ မသိလေတာက ရဲသားတွေ လည်း ဒါကိုမြင်နိုင်မလားဆိုတာပါပဲ။
"မစ္စတာမု, ကျွန်မကို ဘာဖြစ်လို့မရှင်းပြရတာလဲ?"
ကုကျင်သည် မျက်ခုံးတစ်ဖက်ပင့်၍ ပြုံးတုံ့တုံ့လုပ်နေ သည်။
"ဒါ ရှင်ကျွန်မကို ကြည့်ဖို့ခေါ်လာခဲ့ပေးတဲ့ ပွဲကြီး ပွဲ ကောင်းလား?"
YOU ARE READING
ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed)
RomanceBoth Unicode&Zawgyi Link: www.novelupdates.com Author: Jiang Li Yuan English Translation Name:I refuse to be a supporting character 155Chapters(Completed) Credit to Original Author and English Tra...
