အခန်း - ၁၃၂

4.4K 418 8
                                        

Unicode

အခန်း(၁၃၂)သူမ၏မိဘများနှင့်တွေ့ဆုံခြင်း-၁

ကုကျင်သည် စက္ကန့်အနည်းငယ်ကြာအောင် ဖုန်းမှန် ပြင်ကို စိုက်ကြည့်နေခဲ့ပြီး လက်ညှိုးနှင့် တတောက် တောက် မလုပ်ပဲမနေနိုင်။

မိနစ်အနည်းငယ်ခန့် ကြာအောင် စောင့်နေခဲ့ပြီး အွန်လိုင်းပေါ် ပြန်တက်လာမည့် အရိပ်အယောင်ကို မမြင်သေးတာကြောင့် သူ့ဆီ မက်ဆေ့ချ်တစ်ကြောင်း ပို့လိုက်တော့၏။

[ကို ရှိနေတာသိတယ်.. ချက်ချင်း စာမပြန်ဘူးဆိုရင် မနက်ဖြန် အိမ်အလွတ်ကြီး တွေ့လိုက်ရလို့ အပြစ်မတင် နဲ့.]

မုမျင်ချန်:[လိုင်းကျသွားတာ]

ကုကျင်မဲ့ပြလိုက်၏။ ဒီအလိမ်စကားကြီးက သိပ် သိသာတာပဲ။ ကုကျင်သည် မုမျင်ချန်ဆီ တိုက်ရိုက် ဖုန်း ဆက်လိုက်ဖို့သာ ဆုံးဖြတ်လိုက်တော့၏။ ထိုအချိန်မှာ အချိန်ပိုဆင်းနေသော ထိုအမျိုးသားကိုယ်တိုင်က ဖုန်း မကိုင်လိုက်ခင် အစည်းအဝေးကို ခဏရပ်ဖို့ လက်ဟန်ပြ လိုက်၏။

မြောက်များစွာသော ထိပ်တန်းအဆင့်အလုပ် အမှု ဆောင်များဟာ အကြည့်ချင်း ဖလှယ်ကုန်ကြ၏။

ဘော့စ်ရဲ့ယုတ္တိမတန်သောအပြုအမူနှင့် ဒီနေ့ တော် တော်လေးတော့ ထူးဆန်းနေပေသည်။ အမှန်တော့ သူတို့ နဲ့အစည်းအဝေးလုပ်နေစဉ်မှာလည်း မကြာခဏ ဖုန်းကို လှမ်းလှမ်းကြည့်နေတတ်သည်။

သူတို့ရဲ့ အံ့အားသင့်နေမှုကို ထပ်ပိုစေသည်က အစည်းအဝေးလုပ်နေစဉ်ကြီး မုမျင်ချန်၏ဖုန်းက မြည်လာ ခဲ့ပေသည်။ မျက်လုံးတွေအကုန် သူ့ဆီရောက်လာသလို နေရာမှထထွက်၍ ဖုန်းကိုင်လိုက်သည်။ တစ်ဖက်လူနှင့် အပြန်အလှန်ပြောနေသည့် ပြတင်းပေါက်တံခါးစွန်းနှင့် အတော်လေး နီးနီးမှာရပ်နေသော အမျိုးသားကို ကြည့် လိုက်မိသည်။ မုမျင်ချန်၏ခါတိုင်း တည်တင်းပြီးမာထန် သောအမုအရာက တဖက်လူ၏စကားများကြောင့် ပျော့ ပျောင်းသွားသတဲ့။

ကုမ္ပဏီဝန်ထမ်းများသည် လတ်တလော ကြားနေရ သော 'သူဌေးကတော်လောင်း'အကြောင်း အတင်းအဖျင်း များကို သတိရကာ အလုပ်အမှုဆောင်ဝန်ထမ်းတစ်ဉီးဆီမှ သက်ပြင်းချသံတစ်ချက် ထွက်လာခဲ့၏။ အချစ်၏စွမ်းအား ဟာ အားကောင်းလှပါတကား။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now