အခန်း - ၃၆

10K 1.2K 39
                                    

Unicode

အခန်း(၃၆) ရှောက်ချောင်ရဲ့အကျပ်ရိုက်မှု

တိုက်ခန်းအောက်ထပ်လှေကားမှာ သူမ သူနဲ့လမ်းခွဲ ချင်တယ်လို့ ကုကျင်ပြောခဲ့တာက ရက်အနည်းငယ် လောက်ပဲ ရှိဦးမည်။

သူမ စကားလုံးတစ်လုံးပြောတဲ့အခါတိုင်း သူမရဲ့ အမူအရာက လုံးဝလေးနက်နေ၏။ ဒါပေမယ့်လည်း သူ့ရဲ့ လျှို့ဝှက်ချက်က ရှက်စရာကောင်းစွာနဲ့ ပေါ်သွားခဲ့သည့် အတွက် သူအဲ့နေရာကနေ ထွက်သာပြေးလိုခဲ့သည်။

အဲ့နေ့နောက်ပိုင်းမှာတော့ သူ့အား သူမငြင်းလိုက်ခြင်း က သူ့ရဲ့စိတ်ဝင်စားမှုကို ဆွဲဆောင်ရန် ရိုးရိုးနည်းဗျူဟာ တစ်ခုလို့ပဲ ယူဆခဲ့သည်။ ဒါ့ကြောင့် ပြဿနာတွေကို ဘေး ချိတ်ထားပြီး သူမကိုချော့ဖို့ရာ ကြိုးစားမယ့် လုံ့လကို စွန့်လွှတ်လိုက်ဖို့ ဆုံးဖြတ်ခဲ့သည်။

ဘာ့ကြောင့်လဲဆိုတော့ ကုကျင်ရဲ့ပင်ကိုယ်စရိုက်က အရမ်းကို စိတ်ချလက်ချရှိစေတဲ့ အတွက်ကြောင့်ပင်။ သူမ က နူးညံ့သိမ်မွေ့ပြီးရည်မွန်တယ်။ ရိုးရာဓလေ့ထုံးကို လည်း စောင့်ထိန်းတယ်။ ပြီးတော့ ချစ်ခြင်းမေတ္တာနဲ့ လက်ထပ်ထိမ်းမြားမှာကိုလည်း အပြည့်အဝ တောင့်တ တယ်။

​ အခြေခံအားဖြင့် တစ်စုံတစ်​ယောက်မှာ သူတို့တန်းတူ သဘောထားတဲ့လူတွေနဲ့ ဆက်ဆံရေးတွေ ရှိတတ်၏။

အထူးသဖြင့်တော့ သူမက ရှောက်ချောင်ကို နှစ်သက်​တယ်လေ ။

ဒီလိုအခြေအနေမျိုး, သင့်ကို စိတ်နှလုံးသားတစ်ခုလုံး နဲ့ရည်စူးထားတဲ့ အမျိုးသမီးတစ်ယောက်သာ ရှိခဲ့မယ်ဆို ရင် သင် သူမရဲ့နှလုံးသားဆန္ဒတွေကို ဖြည့်ဆည်းပေးနေ သည့်ကာလပတ်လုံး သင့်အိမ်တွင်းမီးကို ပူပန်နေစရာ
မလိုအပ်ပေ။ { T/N:the fire in his backyard လို့ သုံး ထားတာပါ။ quoteလားလို့ ရှာကြည့်ပေမယ့် ဘာမှမတွေ့ ခဲ့ပါဘူး။ နောက်ပြီး ယောကျ်ားက အိမ်ရှေ့မျက်နှာစာ ဆိုရင် မိန်းမက အိမ်နောက်ဖေးမီးဖိုချောင်ပေါ့နော် အဲလို မျိုးတင်စားပြောတာ ကြားဖူးတယ်။ မိန်းမတွေက မီးဖို ချောင်ကို ပိုင်စိုးတယ် အိမ်တွင်းရေးကို ပိုင်စိုးတယ်ပေါ့ နော် အဲလိုသဘောမျိုးနဲ့ နောက်ဖေးမီးလို့ မသုံးတော့ပဲ အိမ်တွင်းမီးလို့ သုံးလိုက်ပါတယ်။ရှည်သွားလား😁 }

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now