အခန်း - ၁၀၀

6.1K 587 4
                                        

Unicode

အခန်း(၁၀၀) အပြန်ခရီး-၂

ဖြူဖျော့​ဖျော့မျက်နှာအရောင်နှင့်ကုကျင်တစ်ယောက် လေယာဉ်ပေါက်ဝသို့ ရောက်ရှိလာခဲ့သည်။ သူမ ဝင်ပြီး သည်နှင့် သန်မာမှုအပြည့်နှင့်လက်တစ်ဖက်က သူမရဲ့ လက်မောင်းကို ဆုပ်ကိုင်လာခဲ့၏။ ခုနက ဟန်ချက်မပျက် စေဖို့ လောင်လျို့က ထိန်းကိုင်ထားပေးခဲ့သည့် နေရာ အတိအကျကိုပင်။

မုမျင်ချန်သည် ကုကျင်၏လက်ကိုလှမ်းဆွဲပြီးပက်တီး တွေနှင့် အထပ်ထပ်ရစ်ပတ်ထားသော သူ၏ရင်အုပ်နေရာ ကို ငုံကြည့်သည်။ ထို့နောက် သူမထံ အကူအညီကင်းမဲ့စွာ ပြန်လှည့်ကြည့်ပြီး တောင်းဆိုစကားဆိုသည်။

"ဝှီးချဲလ်လေး.. ပလိစ် ရှောင်ကျင်"

သူ၏စကားလုံးတွေကြောင့် ကုကျင်၏နှလုံးခုန်နှုန်း တို့ ထပ်မံအရှိန်အဟုန် မြင့်လာရှာပြန်၏။

သူမ ဘာ့ကြောင့်မှန်းမသိပေမယ့် 'ရှောင်ကျင်'ဆို သည့်နာမည်က သူမအတွက်တော့ ပုံမှန်ကြားနေကြဆို သော်လည်း မုမျင်ချန်က သူမကို အဲလိုခေါ်လိုက်ချိန်မှာ တော့ ကြက်သီးတွေ တဖြန်းဖြန်းထလာစေခဲ့သည်။

မုမျင်ချန်က သူမကို တည်ငြိမ်စွာနှင့် အကြည့်ချင်း တိုက်နေကာ လေထုထဲမှာ ညံ့သက်လိုသောခံစားချက် တစ်ခု ဖြစ်လို့နေ၏။

ရုတ်တရက် ကုကျင်က ပြုံးပြီး ပြန်ပြောသည်။

"ကောင်းပါပြီ"

သူမ ဝှီးချဲလ်ကို ကိုင်လိုက်ပြီး သေသပ်စွာပင် အထဲသို့ တွန်းသွားခဲ့သည်။

လေယာဉ်ပေါ်မှာက လူအများကြီးမပါပေ။ လိုက်ပါ စီးနင်းသူနှစ်ဉီးအပြင် သက်တော်စောင့် အနည်းငယ်နှင့် အခြွေအရံအနည်းငယ်သာ ပါသည်။ ဒါ့ကြောင့် လေယာဉ် ပေါ်မှာ နေရာလွတ်တွေအများကြီး ရှိနေ၏။ ကုကျင်နှင့် မုမျင်ချန်မှာ လေယာဉ်ပေါ် အနားယူဖို့ သူတို့နှစ်ဉီးအတွက် အခန်းငယ်လေးတစ်ခု ပါရှိသည်။

သူတို့ နေရာအတည်တကျယူပြီးနောက် လေယာဉ်က ထွက်ခွာဖို့အဆင်သင့်ဖြစ်နေပြီ။ လေထဲ စတင်ပျံဝဲချိန်မှာ တော့ ကုကျင်သည် အန်ချင်သလိုလို စတင်ခံစားရကာ သူမ၏ရင်ဘတ်က ပြည့်ကျပ်လာသလို ခံစားနေရသည်။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now