အခန်း - ၆၆

8.4K 1K 34
                                    

Unicode

အခန်း(၆၆) ကမ်းကုန်အောင် စိတ်အနှောက်အယှက်ပေး သည်

အကြီးအကဲကျင်သည် ခုချိန်က သူ ကျင်ဟောက် အတွက် blind dates တွေ စီစဉ်သင့်ပြီလို့ သူ့ဖာသာသူ တိတ်တဆိတ်တွေးနေသည်။ ထိုအမျိုးသမီးက အထောက် အပံ့ပေးနိုင်ရုံသာမက သူမက သူ့(ကျင်ဟောက်)ကို အခြားသူတွေရဲ့ရှေ့မှာ အရှက်မရစေတဲ့ မိန်းကလေးမျိုး လည်း ဖြစ်ရမယ်။

ဒါပေမယ့် ဒီကိစ္စကိုကိုင်တွယ်ဖို့က နောက်ကို ရွှေ့ ဆိုင်းထားလို့ရသည်။ အခု အရေးကြီးဆုံးဆောင်ရွက်ရ မည့်ကိစ္စက သူတို့ရဲ့အမှားအတွက် မုမျင်ချန်ကို အစားထိုး လျော်ပေးဖို့ဖြစ်ပြီးသူ့ရဲ့ခွင့်လွှတ်မှုကိုရရှိရန်သာဖြစ်သည်။

ကျင်အကြီးအကဲက လူစုကြီးကွဲသွားစေဖို့ စကားလုံး အနည်းငယ် သုံးပြောလိုက်သည်။ ဒီပွဲရဲ့ ရာထူးနေရာမှာ အကြီးဆုံးဖြစ်တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့် လူတွေက သူ့စကားကို နားထောင်ကြသလို သူ့ကိုလည်း ယဉ်ကျေး ကြသည်။

ကျင်တွေနဲ့ မုမျင်ချန်ကြား ခုဖြစ်သွားတဲ့ဟာသအပေါ် မည်သူကမှ သက်သေမဖြစ်လိုကျချေ။ ပွဲကြည့်သူတွေက တစ်ယောက်ပြီးတစ်ယောက် လူစုခွဲသွားကြပြီး သူတို့ရဲ့ စီးပွားရေးစပ်တူလုပ်ဖော်တွေ သူငယ်ချင်းတွေနဲ့ စကား လက်ဆုံပြောနေကြတော့၏။

ဒင်နာပွဲက ပြန်လည်လှုပ်ရှားလာပြီး အသံတွေဝေဆာ လာခဲ့ပေမယ့် လူတွေရဲ့မျက်လုံးတွေကတော့ ထိုနေရာ အကွက်အကွင်းပေါ် အသိရှိ၍ဖြစ်စေ အမှုမဲ့အမှတ်မဲ့နဲ့ဖြစ် စေ လှစ်ခနဲ ရောက်ရောက်လာတတ်မြဲ။

လူစုကြီးခွဲသွားချင်းပဲ ကျင်အကြီးအကဲက ဝိတ်တာ ကို သောက်စရာအချို့ယူလာဖို့ ခိုင်းစေခဲ့သည်။ သူက ဖန်ခွက်ကို ကိုင်မြှောက်ပြီး အပြုံးတစ်ခုနဲ့ ပြောသည်။

"မစ္စတာမူ,ကျွန်တော့ရဲ့မြေးဖြစ်သူက 'ထိုက်'တောင် ရဲ့အမြင့်ကိုမသိခဲ့လို့ ခင်ဗျားကို စိတ်အနှောက်အယှက် ဖြစ်စေခဲ့ပါပြီ.. ကျေးဇူးပြု၍ ဒီလူအိုကြီးရဲ့နာမည်ကို ထောက်ထားပြီး ဒီတစ်ကြိမ်တော့ သူ့ကို ခွင့်လွှတ်ပေးပါ ဗျာ"

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now