အခန်း - ၈၆

6.1K 752 13
                                    

Unicode

အခန်း(၈၆)ဒီမှာ မရှိတော့ဘူး

ကုမိဘတွေက စိတ်ထဲတွင် သူတို့ဟာသူတို့ တွေးထား ကြတာက ကြင်နာတတ်ပြီး စိတ်ရှည်သည်းခံတတ်သော အမျိုးသားမျိုးက သူတို့သမီးလေးအတွက် သင့်တော်ပေ လိမ့်မည်ဟုပင်။ ရှောက်ချောင်သည် ထိုလက္ခဏာမျိုးနှင့် ကိုက်ညီဟန် ဖြစ်နေခဲ့၏။

ထိုစဥ်တွင် ကုကျင်သည် လက်ကို ရေခြောက်အောင် သုတ်ရင်း မီးဖိုချောင်ထဲမှ ထွက်လာသည်။

"မစ္စတာရှောက် အထင်မှားနေပါပြီ"

သူမက စားပွဲရှိရာသို့ အေးအေးလူလူ လျှောက်လာ ရင်း အပြုံးပါးပါးလေးတစ်ပွင့်ကို ဆင်မြန်းထားခဲ့သည်။

"မစ္စတာရှောက်က ကျွန်မရဲ့ သူငယ်ချင်းအရင်း တစ်ယောက်မှမဟုတ်ဘဲ.. သူက တကယ်တော့ သမီးရဲ့ ရည်းစားဟောင်းပါ"

ကုကျင်ရဲ့စကားလုံးတွေက မိုးသက်မုန်တိုင်းအသွင် တိုက်ခက်သွား၏။ ကုမိသားစုထဲ ချက်ချင်းပင် ကသိက အောက်အနေအထားကို ဖန်တီးပစ်လိုက်တော့သည်။

ဘယ်ချိန်တို့က သူတို့ရဲ့သမီး/အစ်မက ရည်းစားရ သွားရတာတုန်း? သူတို့ကရော အဲ့အကြောင်းကို ဘာ့ ကြောင့် မသိရတာတုန်း?

"အန်တီနဲ့အန်ကယ်.. ကျွန်တော် တောင်းပန်ပါတယ်"

ရှောက်ချောင်က မတ်တပ်ထရပ်ကာ ပြော၏။ သူက အေးဆေးတည်ငြိမ်စွာပင် ထပ်ပေါင်း ပြောဆိုသည်။

"ကျွန်တော်နဲ့ရှောင်ကျင်ကြား နားလည်မှုအလွဲလေး တစ်ချို့ ရှိ..."

"နားလည်မှုအလွဲ သေးသေးလေးတစ်ခုတောင် မရှိ ဘူး"

ကုကျင်ဟာ အသံကို မြှင့်ပြီးဖြတ်ပြော၏။

"ကျွန်မတို့ရဲ့ နောက်ဆုံး ဆွေးနွေးမှုပြီးကတည်းက လမ်းခွဲပြီးခဲ့ကြပြီလေ... အဲဒီနောက် နားလည်မှုလွဲဖို့ရာ ဘာတစ်ခုမှ မရှိခဲ့ပါဘူး"

"ရှောင်ကျင်, ကိုယ်အရင်က မင်းအပေါ် မှားခဲ့တယ်ဆို တာ ဝန်ခံပါတယ်" ရှောက်ချောင်သည် အားကိုးရာမဲ့စွာ ခေါင်းကိုခါယမ်းနေပြီး အသနားခံသည့်လေသံနှင့် ပြောရှာ သည်။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now