အခန်း - ၈၃

5.9K 718 14
                                    

Unicode

အခန်း(၈၃) မမျှော်လင့်ထားသော ဧည့်သည်-၁

"သမီး, သမီးက မမကျင်က အိမ်ကို သိပ်လာလေ့မရှိ တာကိုမြင်မိလို့ပါ.. ဒါ့ကြောင့် သူ(မ)ကို ရက်နည်းနည်း လောက် ပိုနေဖို့ သူမကို တွန်းအားပေးချင်တာပါ"

ကုလင်က ထိတ်လန့်တုန်လှုပ်စွာ အလျင်အမြန် ရှင်းပြသည်။

လီမျင်ရှာ ပေါ်လာကတည်းက ကုလင်ရဲ့မျက်နှာ သည် ဖြူဖျော့သွားပြီး ခေါင်းပင်မမော့ရဲချေ။ စိတ်လှုပ်ရှား တုန်လှုပ်စွာ သူမရဲ့အဖြူရောင်စကပ်ကို ဆုပ်ချေနေကာ လေကြောင့် လှုပ်ခတ်နေသော အထိမခံအဖြူရောင်ပန်း လေးတစ်ပွင့်လို ဖြစ်နေစေတော့သည်။

"ထားတော့.. နားလည်မှုလွဲသွားတာဆိုတော့ လည်း.."

ကုဘွားဘွားလည်း ဘာဖြစ်နေလဲဆိုတာကို နားလည် ပါသည်။ သို့သော် သူမ ဒုက္ခသုက္ခခံ၍ ပျိုးထောင်ခဲ့ရသော မြေးမ အခက်တွေ့နေရာကို ကြည့်မနေနိုင်ပေ။ အပြုံးတစ် ပွင့်ချီကာ သူမကပြောသည်။

"မြန်မြန်လုပ် .. ရှင်းစရာရှိတာရှင်း.. ဒီနေ့က ချောင်ရှုံ ရဲ့မွေးနေ့ဆိုတော့ ငါကိုယ်တိုင် အားလုံးကို ငါ့လက်ရာကို မြည်းစမ်းစေမယ်"

ကုကျင်နဲ့ကုထောင်တို့ တစ်ပြိုင်တည်း မျက်လုံးတွေ ကို လိမ့်မိချေ၏။ သို့သော် သူတို့အဖေရဲ့ စိတ်သက်သာရာ ရသွားသည့်အမူအရာကို သတိပြုမိတော့ ဒီကိစ္စကို ထပ် မဆွဲဆန့်ဖို့ ဆုံးဖြတ်လိုက်ကြတော့သည်။

ကုပါးပါးနှင့်ကုလင်တို့ မီးဖိုချောင်မှာ ကုဘွားဘွားကို ကူကြစဉ် ကုထောင်က ရေချိုးဖို့ အပေါ်ထပ် တက်သွား သည်။

ဧည့်ခန်းထဲတွင် ကုကျင်နှင့် လီမျင်ရှာတို့နှစ်ယောက် ထိုင်ကျန်ခဲ့သည်။

"သမီးလေး ဒီနေ့ မှားယွင်းစွပ်စွဲခံလိုက်ရတယ်ဆိုတာ ကို အမေသိပါတယ်... ဒါပေမယ့် ဘာပဲပြောပြော သမီးရဲ့ အဘွားပဲလေ..နောက်ပြီး သူက ဟိုမိန်းကလေးဘက် ပါ တယ်... ပါးပါးအတွက် ခဏလောက်တော့ သည်းခံလိုက် နော်.. မနက်ဖြန်ကျရင် ဒီမှာမနေဘဲ ကျောင်းကို သွားလေ နော်.. သူတို့က ရက်အနည်းငယ်လောက်နေရင် ပြန်သွား ကြမှာပါ"

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now