အခန်း (၁၇)

11K 1.3K 28
                                    

အခန်း(၁၇)မိသားစုညစာ-၂

ဒါ့ကြောင့် သူ ကုကျင်ရဲ့ အသံကိုကြားချိန်မှာတော့ သူမရှိရာ အောက်ထပ်ကို ချက်ခြင်းပြေးဆင်းလာခဲ့သည်။

သူ့စိတ်သူ ထိန်းချုပ်နိုင်​စေရန်အလို့ငှာ သူတို့စကား ထဲကို ချုန်ရှင်းအကြောင်း ပါမလာစေဖို့ ကြိုးစားနေခဲ့၏။

သူဘယ်တုန်းကမှ မမျှော်လင့်မိတာက သူရဲ့ဦးနှောက် မရှိတဲ့အစ်မက ရုတ်တရက် အမြင်မှန်ရသွားလိမ့်မယ်ဆို တာပါပဲ။

ဒါပေမယ့် ထပ်ပြီး သူမက သူနဲ့စိတ်ဆိုးသွားမှာကို စိုးရိမ်လျက်ပါပဲ။

မကြာခဏ သူ ကုကျင်ကို စိုးထိတ်စွာ ကြည့်မိသော် လည်း သူမကတော့ အဆင်ပြေနေပုံပေါ်သည်။

ကုကျင်က အန်တီကျောက်ကို သူ့တာဝန်ကို ဆက် လုပ်ဖို့ပြောလိုက်သည်။ အခု သူတို့ အချင်းချင်းတွေ့ပြီးပြီ ဖြစ်လို့ အန်တီကျောက်က ပျော်ရွှင်စွာပြုံးရယ်ပြီး မီးဖိုခန်း ကို ပြန်သွားခဲ့သည်။

လီမျင်ရှာအိမ်ကိုပြန်ရောက်ချိန်မှာ​တော့ 6:00နာရီ တောင် ရှိတော့မည်။

မစ္စ်ကု တံခါးကို ဖြတ်ဝင်လာပြီးပြီးချင်းပဲ ကုကျင်ဟာ သူမနဲ့သူမမောင်လေး သူတို့ရဲ့ရုပ်ရည် ကြည့်ကောင်းမှုကို ဘယ်ကအမွေဆက်ခံလဲဆိုတာကို သိရှိလိုက်၏။

လီမျင်ရှာက ကုချောင်ရှုံ့ထက် ၂ နှစ်ငယ်သည်။ သူ့ကို လက်ထပ်ပြီးလို့ ဆယ်စုနှစ်များကြာသည်အထိ ကုပါးပါး က သူမကို မီးဖိုချောင်အလုပ်,အိမ်အလုပ်လုပ်ဖို့ ဘယ် တုန်းကမှ ဝန်မပိစေခဲ့ချေ။

မစ္စ်ကုရဲ့ကလေးနှစ်ယောက်လုံးပင် အရွယ်ရောက် လာခဲ့လေပြီ။ သို့သော် အချိန်က သူမကို မျက်နှာသာပေး ဟန်တူသည်။ သူမဆီမှာ အိုမင်းခြင်း အရိပ်အယောင် တစ်စိုးတစ်စိမျှ မရှိချေ။

သူမက အသက် ၅၀ နီးပါးရှိပြီးဖြစ်သော်လည်း သူမ ဆံနွယ်တွေက နက်မှောင်နေဆဲဖြစ်ပြီး သူမမျက်ဝန်းတွေ ကလည်း တောက်ပနေဆဲပင်။ သူမ၏ ဖြစ်တည်မှုတိုင်းနှင့် အစိတ်အပိုင်းတိုင်းတွင် ကျော့ရှင်းမှုနှင့် ဣန္ဒြေရှိမှုက တစ် စိတ်တစ်ပိုင်းအနေနှင့် ဖော်ပြလို့နေသည်။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now