အခန်း - ၃၂

11.5K 1.3K 44
                                        

Unicode

အခန်း(၃၂)ဆေးအမှားကြီး

လမ်းမီးရောင်တွေ ထွက်ပေါ်လာသည်နှင့်အမျှ ညနေ ခင်းက သာယာလှပနေတော့သည်။

ကားကို တိုက်ခန်းလှေကားနားမှာ ရပ်လိုက်ပေမယ့်
ကုကျင်က အပြင်ထွက်ဖို့ တံခါးကို တွန်းလိုက်သောအခါ လော့ချထားတယ်ဆိုတာကို သိလိုက်ရသည်။

"မစ္စတာမု"

ကုကျင်သည် သူမရဲ့ဘယ်ဘက်မှာ ရှိနေတဲ့အမျိုးသား ကို ကြည့်လိုက်တော့ ရှေ့တည့်တည့်ကိုသာ စူးစိုက်ကြည့် နေတဲ့သူ့ကို တွေ့ရပြီး သတိထား၍ပြောလိုက်သည်။

"ကျွန်မတိုက်ခန်းကို ရောက်ပြီ"

"အင်း.."

မုမျင်ချန်သည် ကားစတီယာလက်ကိုင်ပေါ်မှာပဲ သူ့ လက်တွေကို ထားထားပြီး သူ့မျက်လုံးတွေက အရေးကြီး တစ်ခုခုကို စဥ်းစားနေသလိုပုံပေါ်ကာ မျောပါနေ၏။

"ရှင့်ရဲ့ ကားတံခါး....."

ကုကျင်က ပိုပြီး ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။

သူက ခေါင်းကိုလှည့်လာပြီး ရုတ်တရက် သူ့လက်ကို ပေးလာသည်။

" ကိုယ့်ကို မင်းရဲ့ ဖုန်းပေးပါ"

"အာ??"ကုကျင်က ဇဝေဇဝါနဲ့အသံထွက်လာ၏။

" မင်းရဲ့ဖုန်းကို ပေး"

မုမျင်ချန်က တိုက်တွန်း​လေသည်။

ကုကျင်သည် သူမရဲ့လက်ကိုင်အိတ်ကို ဖျစ်ပြီး သူ့ကို စိုးရိမ်တကြီး ကြည့်လိုက်မိသည်။

"မစ္စတာမု,ကျွန်မတို့က သမီးရည်းစားတွေဆိုပေမယ့် ကျွန်မတို့ privacy တော့ ရှိနေသင့်သေးတယ်မလား?"

သူသာ အဲတာကိုအာမ,မခံနိုင်ရင် သူမက စိတ်ပိုင်း ဆိုင်ရာဝန်ထုပ်ဝန်ပိုးကို အတော်လေး ထမ်းရလိမ့်မယ်။

" မင်း အတွေးများနေပြီ "

မုမျင်ချန်က ပြောပြီး ရုတ်တရက် သူမကို နှစ်လိုဖွယ် ရှိသော အပြုံးလေးနဲ့ ကြည့်ခဲ့သည်။

"ကိုယ်သာ မင်းရဲ့privacyကို ချိုးဖောက်ချင်တယ်ဆို ရင် မင်းရဲ့ဖုန်းကို အသုံးပြုခြင်းက တစ်ခုတည်းသော နည်းလမ်းလို့ ထင်နေတာလား?"

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Où les histoires vivent. Découvrez maintenant