အခန်း ( ၂၃)

10.6K 1.2K 17
                                    

Unicode

အခန်း(၂၃)ဘွဲ့ယူခြင်းအခမ်းအနား-၃

မုမျင်ချန်သည် သူ့လက်ချောင်းကြားရှိ ကျောက်စိမ်း လက်ကောက်ကို ပွတ်နေရင်း မျှော်လင့်​ခြင်းများဖြင့် ပြုံးလိုက်လေသည်။

သူက အပြင်ပန်းမှာ အထက်တန်းလွှာရဲ့ ချောမော ခန့်ညားပြီးတပ်မက်ဖွယ်ကောင်းသော အမျိုးသားတစ် ယောက်လို့ ထင်ရပေမယ့်လည်း အဲ့မျက်နှာဖုံးရဲ့အောက် အတွင်းထဲမှာ​တော့ သူ့ရဲ့ချွန်ထက်တဲ့အစွယ်တွေကို ဖုံးထားသည့် နတ်ဆိုးတစ်ကောင်ပင်။

နံနက် 7:30အချိန်, အပြင်ဘက်မှာတော့ ပြုပြင်မွမ်းမံ ထားပြီးသား ပုံမှန်အသွင်အပြင်နှင့်အတူ ဇိမ်ကျကျ အတွင်းခန်းပါသည့် ဇိမ်ခံကားတစ်စီးက မြို့တော်၏ Normal University ထဲသို့ မောင်းဝင်လာခဲ့၏။

မနက်စောစောမှာပင် တရုတ် Imperial University ရဲ့အလုပ်အမှုဆောင်တွေက ဝင်ပေါက်မှာ စောင့်ကြိုနေ ကြပြီဖြစ်သည်။ သူတို့က သူ့ရဲ့ကားကို မြင်သည်နှင့် သူ့ကို လာနှုတ်ဆက်ကြ၏။

"မစ္စတာမု, ခင်ဗျားရဲ့ကြွရောက်လာမှုက ကျွန်တော် တို့တက္ကသိုလ်ကြီး တိုးတက်အောင်မြင်စည်ပင်လာဖို့ သေချာပေါက် အကျိုးပြုမှာဗျ"

ပွဲနဲ့ဆီလျော်ပြီး သပ်ရပ်သားနားတဲ့ အနောက်တိုင်း ဝတ်စုံနှင့်မုမျင်ချန်က ကားထဲ်ထွက်လာပြီး ယဥ်ကျေးတဲ့ အပြုံးလေးနဲ့အတူ စကားပြောသူကို လက်ဆွဲနှုတ်ဆက် သည်။

"ကျောင်းအုပ်ကြီး.... ခင်ဗျားကတော့ ဟာသပြော တယ်ဗျာ.. ခင်ဗျားတို့ကျောင်းရဲ့ ဘွဲ့ချီးမြှင့်ခြင်းအခမ်း အနားကို တက်ရောက်ဖို့ ဖိတ်ကြားခြင်းခံရတာကသာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါဗျာ"

အ​ခြားပုဂ္ဂိုလ်တစ်ဦးကလည်း သူ့ကို လက်ဆွဲနှုတ် ဆက်လာသည်။ ထိုသူရဲ့ပုံပန်းသွင်ပြင်ကို ကြည့်ခြင်းအား ဖြင့် ကျောင်းရဲ့အမှုထမ်းတွေနဲ့ ကွဲပြားခြားနားနေသည်။
မုမျင်ချန်က ပြန်နှုတ်ဆက်ပြီး ပြုံးပြခဲ့၏။

ကျောင်းအုပ်ကြီးက ဂုဏ်ယူဝင့်ကြွားစွာနဲ့ မုမျင်ချန် ကို ဘွဲ့ချီးမြှင့်သည့်ခန်းမဆီသို့ လိုက်ပါပို့ဆောင်ရင်း မိမိကိုယ်မိမိ ယုံကြည်မှုရှိလှသည့်ဂိုက်ဖြင့် မတ်တပ်ရပ်နေ လေ၏။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now