အခန်း - ၉၂

7K 714 18
                                        

Unicode

အခန်း(၉၂)ဆူး

ခဏကြာအောင် ထိုင်နေခဲ့ပြီးနောက် ကုကျင်က မျက်နှာကို လက်ဖြင့်အသာပုတ်ကာ အဝတ်အစား ထလဲ သည်။

"ငါ အပြင်လေးဘာလေးထွက်ပြီး ခပ်ဟော့ဟော့နိုင်ငံ ခြားသားလေးတွေကို လိုက်ရှာကြည့်ရမယ်"

သူမ အဝတ်အစားလဲပြီးချိန်မှာ တံခါးကို ဖွင့်လိုက် တော့ ထမင်းစားပွဲမှာ အပြည့်အစုံ ခင်းကျင်းထားတာကို တွေ့လိုက်ရသည်။

မုမျင်ချန်သည် အဝတ်အစားဝတ်ထားခဲ့ပြီး လက်ရှိ လက်ထဲမှာ သတင်းစာတစ်စောင်နှင့် ဆိုဖာပေါ်မှာ ထိုင် နေလေသည်။

ဒီနေ့ ထိုလူသားနှင့်ပတ်သတ်ပြီး တစ်ခုခုထူးခြားနေ သလိုပဲ။

သူ၏ဆံစတို့က နှဖူးပေါ်မှာ ကျရောက်နေခြင်းမရှိကာ ထိုသူက အနက်ရောင်ရှပ်တစ်ထည်ကို ဝတ်ဆင်ထား သည်။ ထိုသူ၏ထူထဲနက်မှောင်သော ဆံသားတို့ကို ဘီး တစ်ချောင်းနှင့် ပုံသွင်းထားကာ ထိုသူကို အားကောင်း သောယောက်ျားဆန်သည့်အရှိန်အဝါကိုပေးစွမ်းနေသည်။

ကုကျင်ထွက်လာသည်နှင့် မုမျင်ချန်က ထရပ်ကာ ထမင်းစားပွဲမှာ သွားထိုင်သည်။ သူ၏မျက်ဝန်းတို့က မှတ်ချက်ပြုမပြောကြားခင် သူမကို အထက်အောက် အစုန်အဆန်ကြည့်နေကာ

"မင်း ဒီနေ့ကြည့်ကောင်းနေတယ်"

နေသည် အနောက်က ထွက်လာခဲ့သည်အလားပါပဲ။

ကုကျင်သည် သူမဝတ်ဆင်ထားသော ဂါဝန်ရှည်ကို မယုံသင်္ကာဖြစ်စွာ ငုံကြည့်မိသည်။

ဂါဝန်ရှည်ကို သူမရဲ့အပျော်ခရီးတိုအတွက် အထူး တလည် ပြင်ဆင်ထားခဲ့တာ။ သူမရဲ့ဝတ်နေကျစတိုင်နှင့် အနည်းငယ်ကွာခြားနေသော်လည်း သိပ်ဆန်းသစ်နေတဲ့ပုံ တော့ မပေါက်ပါဘူး။

ညစာစားပြီးနောက် နှစ်ယောက်သား ဓာတ်လှေကား ထဲမှ ထွက်လာပြီး အခြားသောမရင်းနှီးတဲ့မျက်နှာတစ်ချို့ နှင့်အတူ လက်ထောက်ဖန်းကို နှုတ်ဆက်လိုက်သည်။

ထိုအထက်တန်းစားအမျိုးကောင်းသားတွေက သိပ် မလှုပ်ရှားခဲ့ပေ။ သူတို့က ရိုးရိုးလေး ခေါင်းပြန်ငြိမ့်ပြခဲ့ကြ သည်။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now