အခန်း - ၈၀

7.7K 812 10
                                        

Unicode

အခန်း(၈၀) မိဘမဲ့

ကုဗီလာဆီ နောက်တစ်ခါ ပြန်လာရချိန်မှာတော့
ကုကျင်သည် သူ့တောအုပ်ဆီ သူ့ဟာသူ ပြန်ဆွဲခေါ်လာ ရတဲ့ငှက်တစ်ကောင်ကဲ့သို့ ပင်ပန်းနေသလို ခံစားနေရ သည်။

မနေ့က ကုတန်ရဲ့သတိပေးမှုသာ မရှိခဲ့ရင် ဒီနေ့က သူမအဖေ ကုချောင်ရှန်းရဲ့ မွေးနေ့ဆိုတာကို မေ့နေခဲ့ လောက်သည်။

လည်စည်းလေးတစ်ခု ကပျာကယာ ဝယ်ခဲ့ပြီးနောက် ညနေပိုင်းမှာ သူမမိသားစုနဲ့ ညစာတူတူစားဖို့ ဗီလာဆီ အပြေးအလွှား ပြန်လာခဲ့ရသည်။

ဧည့်ခန်းက အလွန်တိတ်ဆိတ်နေ၏။ သေသပ်စွာ စီမံ ထားသောပရိဘောဂတွေနှင့် ဒီအခန်းထဲမှာ ဆိုဖာပေါ်မှာ ထိုင်နေသာ အဖြူရောင်ဝတ်စုံနှင့် မိန်းကလေးသည် အလွန် မျက်စိဖမ်းစားနိုင်သည်။

သူမရဲ့ဆံပင်ကို နောက်ဘက်မှာ သပ်ရပ်စွာ ပုံသွင်း ထား၏။ အသံတစ်သံကို ကြားလိုက်စဉ်မှာတော့ သူမ လှည့်ကြည့်လာသည်။ သူမရဲ့မျက်နှာလှလှလေးကို ထုတ် ဖော်ရင်းပေါ့။

"ကုမိန့်မိန် ပြန်လာပြီ"

ကုလင်က ဟန်ဆောင်ပြောနေသော်လည်း သူမရဲ့ အသံအနေအထားကတော့ အမှန်တကယ် သူမ ဘယ် လောက် စိတ်အနှောက်အယှက် ဖြစ်သွားကြောင်းကို ဖုံးကွယ်မထားခဲ့ပေ။

"ရှားရှားပါးပါး ဧည့်သည်ကြီးပါလား!"

"ငါက ဒီတိုင်းအခြားဧည့်သည်တွေလိုမဟုတ်ဘူး"

ကုကျင်က ဖိနပ်ချွတ်နေရင်း ပြောသည်။ ပြုံးပြကာ သူမ ပြန်ပြောလိုက်တာက

"ဒါက ငါ့ရဲ့အိမ်ပဲ.. ငါလာချင်တဲ့အချိန်တိုင်း လာလည် လို့ရတယ်"

"ဒါပေမယ့် ငါမှတ်မိတာကတော့ နင်က ချုန်ဝမ်းကွဲရဲ့ အိမ်မှာ နေရတာ ပိုနှစ်သက်တယ်လေ"

ကုလင်က သူမ ကုကျင်ကို မျက်စိမှေး၍ ကြည့်ရင်း ပြောသည်။

"မဟုတ်သေးပါဘူး.. နင်က နင့်ကျောင်းမှာ‌ ချုန်ရှင်း ဝယ်ထားပေးတဲ့တိုက်ခန်းမှာ နေတတ်တာလေ"

သူမက ကုကျင်က ချုန်ရှင်းပေါ်မှာ မှီခိုနေတာကြောင့် သူက ထိုဝမ်းကွဲမိသားစုနဲ့ပဲ နေရမည်ဖြစ်ကြောင်း စောင်း ပါးရိပ်ခြည် ပြောဆိုနေခြင်းပင်။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now