Unicode
ကုကျင်ဟာ ထုန်လင်အကြုံပြုထားတဲ့ စာအုပ်ရဲ့ ခေါင်းစဥ်ကို စစ်ဆေးကြည့်လိုက်၏။ ''မင်မင်းဆက်၏ ပထမဆုံးအရန်တပ်ဖွဲ့''~~~ နာမည်က အတော်လေးကို မျက်စိဖမ်းစားနိုင်၏။ သူမက စာရေးသူရဲ့ နာမည်ကို လည်း ဖတ်ကြည့်လိုက်သည်။ ရဲစွမ်းသတ္တိနှင့် ပြည့်စုံပြီး တားဆီးမရနိုင်သောလို့ အဓိပ္ပါယ်ရတဲ့ ''တောင်ပေါ်မြစ်က လူအိုကြီး''~~~တဲ့။
ကုကျင်က အွန်လိုင်းပေါ်မှာ ဝတ္တုကိုရှာပြီး ပါဝင်တဲ့ အကြောင်းအရာတွေကို စတင်ဖတ်ရှုခဲ့သည်။
ည(၉)နာရီအချိန်မှာ ကုကျင်က စာလုံးရေတစ်သန်းရဲ့ တစ်ဝက်ကို ဖတ်ပြီးသွားခဲ့ပြီးတော့ သူမရဲ့အစာအိမ်က စတင်ပြီး တကြုပ်ကြုပ်မြည်လာလေသည်။
သူမရဲ့လည်ပင်းကလည်း ယခုအချိန်ထိထိုင်နေခဲ့တာ မို့လို့ မာတောင့်လို့နေလေပြီ။
သူမ ဖတ်ခဲ့တဲ့အကြောင်းအရာတွေဟာ မျက်မှောက် ခေတ်ကလူတစ်ယောက်က မင်မင်းဆက်ရဲ့အဆုံးသတ် ချိန်နားကို ဖြတ်သန်းရောက်ရှိသွားခဲ့တဲ့အကြောင်း ဖြစ်၏။ သူက အင်ပါရီယာစာမေးပွဲမှာ ပထမဆုနဲ့အောင်မြင်ခဲ့ သည်။ ပြီးတော့ သူဟာ မတရားအမှုဆင်မှုတွေ ပြဿနာ တွေကို တွေ့ကြုံခဲ့ရပြီးတော့ အရာရှိအဆင့်ထိ သူ့ရဲ့လမ်း ကို ဖောက်နိုင်ခဲ့သည်။ သူဟာ နိုင်ငံတွင်းမှာ နေရာရလာ ပြီးတော့ သူ့လူတွေရဲ့တန်ဖိုးက သူ့ရဲ့စိတ်ထားလေးကို မြတ်နိုးကြတာပါပဲ။ ပြီးတော့ တစ်ဆင့်ပြီးတစ်ဆင့် သူဟာ ပထမဆုံးအရန်တပ်ဖွဲ့ရဲ့ နေရာကောင်းကိုပါ တက်လှမ်း နိုင်ခဲ့သည်။ သူ့ရဲ့ခွန်အားတွေနဲ့ မင်မင်းဆက်ကို ဘေးအန္တ ရာယ်ကနေ ကယ်တင်ပေးနိုင်ခဲ့၏။
မင်မင်းဆက်၏ နောက်ဆုံးနှစ်များအတွင်း တရားဝင် အုပ်ချုပ်မှုနှင့် ပါဝင်သူတွေရဲ့ ဘဝဖော်ပြချက်တွေဟာ အတော်လေးကို လက်တွေ့ကျလွန်းလှသည်။
ဇာတ်ကောင်တွေကိုလည်း ဘက်လိုက်ခြင်းမရှိဘဲ အတွင်းကျကျကို ရေးသားထားသည်။ ဒါကိုကြည့်ခြင်း အားဖြင့် စာရေးသူဟာ မင်မင်းဆက်၏ သမိုင်းနဲ့ပတ်သက် ပြီး နက်ရှိုင်းတဲ့အသိအမြင်တစ်ခုရှိတယ်ဆိုတာကို မြင် နိုင်သည်။
ВЫ ЧИТАЕТЕ
ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed)
Любовные романыBoth Unicode&Zawgyi Link: www.novelupdates.com Author: Jiang Li Yuan English Translation Name:I refuse to be a supporting character 155Chapters(Completed) Credit to Original Author and English Tra...
