Unicode
အခန်း(၆၉)ပြန်လာခဲ့ပါ
ဒါပေမယ့် ရှောက်ချောင် လုံးဝမတွေးလိုက်မိချေ။ သူ စိတ်ကူးယဥ်ထားသမျှ အရာရာတိုင်းဟာ တံခါးကို ဖြတ်ကျော်ဝင်ရောက်သွားမယ့် အခိုက်အတန့်လေးမှာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားလိမ့်မယ် ဆိုတာကို ပေါ့....။
သူ သူမကို အခြားယောက်ျားတစ်ယောက်ရဲ့လက် မောင်းထဲမှာ ကျီစယ်လိုတဲ့အပြုံးလေးတစ်ပွင့်နဲ့ မှီတွယ် နေတာကို မြင်လိုက်ရတဲ့အချိန်မှာ ထူးဆန်းနေသလိုခံစား လိုက်ရသည်။
အချိန် ခဏလောက်ကြာအောင် ဒီကမ္ဘာကြီးဟာ မှားယွင်းနေတယ်လို့ သူ ထင်မိသည်။
ရှောက်ချောင် ကုကျင်နံဘေးကို သွားလိုက်သည်။ သူမ၏စိတ်မဝင်စားဟန် မျက်ဝန်းတွေက သူ့ကို ပြန် ကြည့်လာတဲ့အခါမှာ သူ့ရဲ့နှလုံးသားထဲကို အပ်နဲ့ထိုးနေ သလိုမျိုး ခံစားလိုက်ရ၏။ ကုကျင်က သူ့ကို ဘယ်တော့မှ သစ္စာဖောက်မယ့်သူမဟုတ်ဘူးလို့ သူ ယုံကြည်ခဲ့သည်။ ဒါကြောင့် သူရောက်မလာခင်လေးမှာ အဖြစ်အပျက်လမ်း ကြောင်းတွေက ဘာကြောင့်များ အရမ်းကြီးပြောင်းလဲ သွားရတာလဲ?။
"ရှောင်ကျင်...သူက ဘယ်သူလဲ?...'' ရှောက်ချောင် သည် နာကျင်နေတဲ့အမူအရာနဲ့ မေး၏။
"သူမရဲ့ချစ်သူ...'' မုမျင်ချန်သည် ကုကျင်ကို သူ့ ရင်ခွင်ထဲ ဆွဲသွင်းရင်း ပြန်ဖြေသည်။
"မဖြစ်နိုင်ဘူး'' ရှောက်ချောင်သည် ထိုလူကို မယုံ ကြည်နိုင်သလိုကြည့်ရင်း ပြောသည်
"မင်းက..မုမျင်ချန်လား?''
သူ့အရင်ဘဝတုန်းက ရှောက်ချောင်ကို ချုန်ရှင်းသည် မုမျင်ချန်အပေါ် သူမရဲ့ပတ်သက်မှုအကြောင်းကို မကျေ မနပ်ပြောဖူး၏။ အဖြူရောင်ဝတ်စုံနဲ့ ထိုယောက်ျားဟာ အတိတ်မှာတုန်းက ချုန်ရှင်းကို ကယ်ခဲ့ဖူးတဲ့လူဆိုတာကို သူ သိသည်။
ဒါပေမယ့် ဘာကြောင့်--ဘာကြောင့် သူက ကုကျင်ရဲ့ ရည်းစား ဖြစ်လာရတာလဲ?...
"ရှောင်ကျင်.. မင်းငါ့ကိုလိမ်နေတာ!...'' ရှောက်ချောင် ဟာ ထိတ်လန့်မှုကြောင့် ဖြူရော်သွား၏။
YOU ARE READING
ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed)
RomanceBoth Unicode&Zawgyi Link: www.novelupdates.com Author: Jiang Li Yuan English Translation Name:I refuse to be a supporting character 155Chapters(Completed) Credit to Original Author and English Tra...
