အခန်း - ၅၆

8.8K 1K 36
                                    

Unicode

အခန်း(၅၆)ကလေးလေးလို

မုမျင်ချန်သည် အေးစက်စွာရယ်၏။ သူသည် သူမရဲ့ လုပ်ဆောင်ချက်တွေဟာ တမင်သက်သက် လုပ်တယ်ဆို ပြီး သူမကို ခိုင်ခိုင်မာမာကြီးကို သံသယရှိသည်။

ကုကျင်ကတော့ သူ့ကို အပြစ်ကင်းစင်စွာ ကြည့်နေခဲ့ လိုက်၏။ သူမ လုံးဝကို မကချင်ခဲ့ဘူးလေ..ပြီးတော့ သူသာလျှင် သူမကို အကကြမ်းပြင်ပေါ် ဆွဲခေါ်ခဲ့တာကြီး ကို..။

အွန်း...လောလောဆယ် သူမမှာ အငြိုးကြီးကြီး အတွေးတစ်ခုရှိခဲ့ပေမယ့် သူမရဲ့ တန်ပြန်တိုက်ခိုက်မှုကို အကောင်အထည်မဖော်လိုက်ရသေးခင် ဂီတအသံက ပြီး သွားခဲ့သည်။

သူမ အဲတာကို မလုပ်ဆောင်လိုက်နိုင်တာ နှမျောစရာ ပဲ..ဒါ့အပြင် သူမ မူလကိုယ်ရဲ့ အကစွမ်းရည်မှတ်ဉာဏ် တွေနဲ့ ကျွမ်းကျင်ပိုင်နိုင်စွာ နေသားကျလာတဲ့အခါမှာ တော့ အမှားလုံးဝမရှိ အဆုံးသတ်နိုင်လိုက်ပါသည်။ သူမရဲ့ အမူအရာမှာတော့ နောင်တရတဲ့အရိပ်လေး စွက်နေခဲ့၏။

သို့ပေငြားလည်း မုမျင်ချန်ကတော့ သူမနဲ့ ထပ်မံ အတူတွဲကဖို့ အစီအစဥ်မရှိတော့ချေ။ ပြီးတော့ အခြားသူ တွေကလည်း ဒီလိုနာကျင်ဖွယ်မြင်ကွင်းကို မြင်ရပြီး နောက်မှာ​တော့ သူမကိုဖိတ်ခေါ်ဖို့ စဥ်းကိုမစဥ်းစားရဲတော့ ချေ။

"မစ္စတာမု, ခင်ဗျားလည်း ဒင်နာပွဲကို တက်ရောက် လာလိမ့်မယ်လို့ ကျွန်တော်မထင်ထားဘူးဗျာ... "

သူနဲ့ သူ့ချစ်သူတို့ အနားယူရန် အကကြမ်းပြင်ကနေ ထွက်လာပြီးနောက် အမျိုးသားကြီးတစ်ဦးက မုမျင်ချန်ကို လာရောက်နှူတ်ဆက်လာ၏။ အသစ်ရောက်လာသူက ကုကျင်ရဲ့မျက်နှာကို တအံတသြကြည့်ပြီး မေးမြန်း၏။

"ဒီမိန်းမလှလေးက ဘယ်သူလဲဗျ.."

စကားပြောနေသည့်လူက အသက် ၅၀အရွယ် ဝဝဖိုင့် ဖိုင့်အမျိုးသားကြီးပင် ဖြစ်ပေသော်ငြား သူသည် အာဏာ ပြတတ်တဲ့လူအိုကြီးလို မပြုမူတဲ့အပြင် မုမျင်ချန်ကိုပင် တရိုတသေနှင့် 'မစ္စတာမု'ဟု အမည်တပ်ခေါ်ဝေါ် နေ သေး၏။

သေချာတာကတော့.. ဒီလိုမြှောက်လုံးမျိုးက အလုပ် မလုပ်ပေ(အသုံးမဝင်ပေ)။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now