အခန်း - ၁၄၉

4.5K 336 4
                                        

Unicode

အခန်း(၁၄၉)နောက်ဆုံးပိုင်း-ကုကျင်နှင့်မုမျင်ချန်-၃

"ဒီမှာ အလုပ်တွေအပြီးသတ်ခဲ့ပြီလေ.. အဲဒါကြောင့် ရှင်နဲ့အတူ အိမ်ပြန်တော့မလို့ .. ဒီနေရာကို ထပ်လာဖို့ လိုမှာမဟုတ်တော့ဘူး"

ကုကျင်သည် ယောက်ျားနှင့်သားနှင့်အတူ ကားထဲ မဝင်ခင် လက်ထောက်အား နှုတ်ဆက်ခဲ့သည်။

ကုကျင်သည် တစ်နေကုန် အလုပ်ကနေပင်ပန်းလာ သဖြင့် အိမ်ပြန်ရောက်တဲ့အချိန်မှာ ဆိုဖာပေါ်လှဲ၍ ခဏ အနားယူရန် မျက်စိပိတ်ထားလိုက်သည်။ မျက်ဝန်းများကို ဖွင့်လိုက်သောအခါ မျက်မှောင်ကြီးကြုတ်ကာဖြင့် သူမ ဘေးမှာ ထိုင်နေသောမုမျင်ချန်ကို မြင်လိုက်ရ၏။

"ဘာဖြစ်လို့ အဲလိုမျက်နှာကြီး ဖြစ်နေရတာတုန်း?"

"ဒီအသက်ဒီအရွယ်ပဲ ရောက်ပေါ့.. ကလေးလိုလုပ်နေ တုန်းပဲလား"

ကုကျင်သည် ယောက်ျား၏ပါးကို လက်ညှိုးနှင့်ထိုး၍

"မွေးနေ့မှာ ဘာဖြစ်လို့ ဒီလိုဆူပုတ်ပုတ်ဖြစ်နေရတာ တုန်း? ပြောပါဉီး"

မုမျင်ချန်၏မျက်နှာဟာ ပို၍မှောင်မဲလာကာ သူမကို ကြည့်လာသည်။

"ဟုတ်ပါပြီ ဟုတ်ပါပြီ.. ကျွန်မက စနေတာပါ.. ရှင်က မအိုသေးပါဘူး"

ကုကျင်သည် မုမျင်ချန်၏လည်ပင်းကို တိုးဝှေ့လိုက် ပြီး နှုတ်ခမ်းထက် အနမ်းခြွေလိုက်သည်။

အသက် ၃၅ နှစ်ပြည့်တော့မည်ဖြစ်သော မုမျင်ချန် ဟာ ရုပ်သွင်အားဖြင့်တော့ ခန့်ညားဆဲပါပဲ. အသက် ဘယ်လောက်ပဲဖြစ်ဖြစ်ပေါ့။ ထိုတိတ်ဆိတ်သောညများ မှာ သူ၏သန်မာသော ဝမ်းဗိုက်ကြွက်သားများနှင့် ချော မွေ့သောရေသူလှိုင်းက သူမကို အမြဲအထွက်အထိပ် ရောက်စေတယ်ဆိုတာ ကုကျင်ထက်ပို၍ မည်သူမှသိမည် မဟုတ်ချေ။ လွန်ခဲ့တဲ့ ၈နှစ်က သူနှင့်ယှဉ်ရင်တော့ သူ့ အရသာက အများကြီးပို၍စွဲကျန်ရစ်စေ၏။ နှစ်ချို့ဝိုင် တစ်ခွက်လိုပင် အရသာက ပိုကောင်းမွန်ပြီး ပိုယစ်မူးစေ သည်။

သို့သော် ကုကျင်သည် သူ၏မွေးနေ့နှင့်သက်ဆိုင် သော သို့မဟုတ် အသက်နှင့်သက်ဆိုင်သော ဘာကိုမှ မှတ်ချက်မပြုခဲ့ပေ။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now