အခန်း(၁၁၂+၁၁၃)

5.2K 443 5
                                        

Unicode

အခန်း(၁၁၂)သူမက ဘယ်သူလဲ-၁

"ဘာတွေလဲ?"

ကျင်ဟောင်သည် သူ၏ချစ်သည်းညှာအမျိုးသမီး လေးကို နောက်ကနေ သိုင်းဖက်၍ သူမရဲ့ပြေကျနေသော ဆံနွယ်တို့ကို ယုယစွာနမ်းရှိုက်လိုက်သည်။ သူမလေးရဲ့ လန်းဆန်းအေးမြသည့်ရနံ့က ကျင်ဟောက်၏ပင်ပန်းနွမ်း နယ်နေသောနှလုံးသားကို ခဏလောက် အေးချမ်းသွားစေ သည်။

နှစ်ဝက်လောက်ကြာသည်အထိ သူတို့ရဲ့နှလုံးသား တွေဟာ ဒီနေ့ဒီချိန်လောက် ဘယ်တုန်းကမှ နီးကပ်မှု မရှိခဲ့ကြချေ။

ချုန်ရှင်းသည် အရမ်းကိုနှစ်သက်ဖွယ်ကောင်းလွန်းလို့ သူတို့နှစ်ဉီးဟာ မသင့်လျော်ဘူးဆိုတာကို သူသိနေခဲ့သော် ငြား သူမဖန်တီးထားသောပိုက်ကွန်ထဲသို့ သူ ခုန်ဆင်းဖို့ရာ လိုလားနေဆဲပင်။

သို့ပေသော်လည်း သူ၏လက်မောင်းကြားထဲရှိ ကိုယ် ခန္ဓာလေးကတော့ အလွန်ကို တောင့်တင်းနေခဲ့၏။ ချက်ချင်းပင် မကောင်းသည့်အရိပ်အယောင်ကို ခံစားမိ တော့၏။ ချုန်ရှင်း၏လည်တိုင်ကြားမှာ ခေါင်းမြှုပ်ထား သောကျင်ဟောင်တစ်ယောက် ခေါင်းကိုမော့၍ ဖုန်းကို ကြည့်လိုက်သည်။ ဖုန်းမျက်နှာပြင်ပေါ်ရှိဓာတ်ပုံက သူ့ကို သက်ပြင်းမောရှိုက်မိစေသည်။

အဖြူရောင်ဖုန်းမျက်နှာပြင်က ဘေးချင်းယှဉ်ရပ်နေ သော အမျိုးသားတစ်ဉီးနှင့်အမျိုးသမီးတစ်ဉီးကို ပြသလို့ နေ၏။ ချောမောမှုနှင့်လှပမှုတို့ တွဲဖက်နေပြီး သူတို့ရဲ့ အပြုအမူတွေက ရင်းနှီးကြောင်း သိသာလှသည်။

ဓာတ်ပုံထဲတွင် သူတို့နှစ်ဉီးက လက်ဝတ်ရတနာဆိုင် တစ်ခုတွင် ဈေးဝယ်နေကြခြင်းဖြစ်သည်။ ကောင်တာ ဘေးမှာ အမျိုးသမီးက အပြုံးလေးတစ်ပွင့်နှင့် အမျိုးသား ဖြစ်သူ၏လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထား လျက် ရှိ၏။ သူမရဲ့မျက်ဝန်းများသည် ဖုံးကွယ်ခြင်းငှာ မတတ်နိုင်သော ချစ်ရိပ်တွေနှင့် ပြည့်နှက်လို့နေခဲ့၏။

ကျင်ဟောင်သည် ဆဲလ်ဖုန်းကို ဆွဲယူပြီး အမြန်ဖျက် လိုက်ပေမယ့် သူဖျက်လိုက်သည့်ခဏ နောက်ထပ်ပုံတစ်ပုံ ကို ပေါ်လာစေခဲ့၏။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now