အခန်း - ၁၅

11.4K 1.4K 25
                                    

Unicode

အခန်း(၁၅)ကုထောင်-၂

မူလကိုယ်ရဲ့ အတိတ်ဘဝမှာတုန်းက ကုကျင်သည် ဆုံးရှုံးသွားတဲ့ အသက်နှစ်ခုနဲ့ အလောင်းတစ်လောင်းကိုပဲ ချန်ထားရင်း ပြန်ပေးဆွဲသူတွေလက်ထဲ သေဆုံးသွားခဲ့ သည်။

ဒီအဖြစ်ဆိုးက သူမမိဘတွေရဲ့ဆံပင်ကို မီးခိုးရောင် သမ်းသွားစေခဲ့၏။ သူတို့သမီး သေဆုံးသွားတဲ့တစ်ညတာ အတွင်းမှာပဲ သူတို့နှစ်ယောက်ဟာ အရွယ်ကျသွားခဲ့ပြီး တော့ ကျန်းမာရေးကလည်း စတင်ဆိုးရွားလာခဲ့သည်။

သူမကို မျက်ကွယ်ပြုထားခဲ့တဲ့ သူမရဲ့မောင်ငယ်လေး ကုထောင်က သူမကိုယ်စား လက်စားချေဖို့ ကြိုးစားခဲ့ သည်။ သူမအတွက် တရားမျှတမှုကို ရှာဖို့အတွက် သူက ရှောင့်, ချုန်နှင့်ကျင်မိသားစုနဲ့ ရန်သူအဖြစ် လုပ်ခဲ့၏။

ဒီအရာတွေကပဲ သူမရဲ့မောင်ငယ်လေးက သူမကို ဘယ်တုန်းကမှမမုန်းခဲ့ဘူးဆိုတာကို ကုကျင် သဘော ပေါက်သွားခဲ့တာ ဖြစ်လေ၏။

အမှန်တကယ် သူမုန်းတီးခဲ့တဲ့အရာကတော့ ကုကျင် က ချုန်ရှင်းဘေးနားမှာပဲ လျှောက်လိုက်နေပြီး ညီအစ်မ ကောင်းတစ်ယောက်အဖြစ် မိုက်မဲစွာသတ်မှတ်ထားတဲ့ အချက်ကိုပဲဖြစ်လေ၏။ ဒီအချက်ကြောင့်ပဲ သွေးရင်း မောင်နှမဖြစ်တဲ့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက သွေး ကွဲလာရခြင်း ဖြစ်ပေသည်။

*** *** ***

အဲ့အချိန်မှာပဲ ကုကျင်ရဲ့ခြေလှမ်းတွေက ခဏတာမျှ သာ ရပ်တန့်သွားပြီးနောက် သူမက ထွက်ပေါက်ဆီ ပြန်ပြီး လျှောက်သွားသည်။

ကုချောင်ရှုံ့က သူ့သားကို စိုက်ကြည့်ပြီး စိတ်ဆိုးစွာပဲ ဆူသည်။

"ကုထောင်....ဒီနေ့မင်းအစ်မ အိမ်က ပြန်ထွက်သွားခဲ့ ရင် ငါကိုယ်တိုင် မင်းကို အိမ်ကနေကန်ထုတ်ပစ်မယ်....''

ကုထောင်သည် ဆောင့်ကြီးအောင့်ကြီးနဲ့ ပါးစပ်က​နေ ပွစိပွစိရွတ်ပြီး ကုကျင်ရဲ့လက်မောင်းကို ဖမ်းမဆွဲခင်မှာ ​ရှေ့ကို ခြေလှမ်းကျဲကျဲနဲ့ လျှောက်သွားလိုက်သည်။ သူက သူမရဲ့မျက်နှာအစား ကောင်းကင်ကို ကြည့်နေပြီးတော့ ကို့ရို့ကားယားအမူအယာနဲ့ ချော့ပြောသည်။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now