အခန်း - ၆၃

8.3K 991 57
                                    

Unicode

အခန်း(၆၃)အလှလေးကို ကယ်တင်သော ဟီးရိုး-၁

ချုန်ရှင်းသည် ကျင်ဟောက်ရဲ့အသံကို ကြားတဲ့အခါ အထောက်အပံ့ အဓိကကျောရိုးကြီးကို ရှာတွေ့လိုက်သလို မျိုးခံစားလိုက်ရပြီး သူ့ကို အော်ခေါ်တော့၏။

"ဟောက်!"

မျက်ရည်စက်အကြီးကြီးတွေသည် သူမရဲ့သမင် မျက်လုံးထဲမှ တလှိမ့်လှိမ့်ကျဆင်းလာတော့၏။

ချက်ချင်းပဲ ကျင်ဟောက်ရဲ့ အေးစက်လွန်းလှသည်ဆို တဲ့နှလုံးသားကြီးကို အပ်နဲ့ထိုးနေသလိုမျိုး ခံစားလိုက်ရ စေသည်။

သူ ဘယ်တုန်းကမှ ချုန်ရှင်း ဒီလောက်ခါးခါးသီးသီး ငိုကြွေးတာမျိုး မမြင်ဖူးပေ။ အစွန့်ပစ်ခံ အကူအညီမဲ့ သတ္တဝါတစ်ကောင်လေးလိုမျိူးလေ...။

သူသည် ချုန်ရှင်းဟာ နေသေးသေးလေးလို နွေးထွေး သကဲ့သို့ဖြစ်ကာ ရိုးရှင်းပြီးတက်ကြွတဲ့ မိန်းကလေးလိုပဲ သိခဲ့တာ။ သူတို့သိလာခဲ့ကြတဲ့ ဒီနှစ်တွေထဲမှာ သူတို့တွေ အကြောင်းအမျိုးမျိုးကြောင့် မကြာခဏဆိုသလို ရန်ဖြစ်ခဲ့ ကြလိမ့်မည်။

တလောက,ဒီပြီးခဲ့တဲ့နှစ်ရက်မှာ ကျင်ဟောက်သူမကို တမင်တကာ အေးတိအေးစက် ဆက်ဆံခဲ့သည်။ ထိုအချိန် က ချုန်ရှင်းသည် သူမအရင်ခေါင်းညွှတ်ပြီး အရင်အချိန် တွေတုန်းအတွက်လည်း ကျင်ဟောက်က သူ့အမှားသူ ဝန်ခံခဲ့သည်။ ပြဿနာတွေ ပြီးသွားတိုင်း အတွဲအနေနဲ့ သူတို့ရဲ့ခံစားချက်တွေက ပိုပိုလေးနက်လာခဲ့ကြ၏။ သူတို့ သည် စကားများရန်ဖြစ်မှုတွေကို သူတို့ရဲ့ခံစားချက်တွေ နက်ရှိုင်းလာစေတဲ့ တစ်စုံတစ်ရာအနေနဲ့ မှတ်ယူထားခဲ့ ၏။

ကျင်ဟောက် ချုန်ရှင်းကိုတွေ့ဆုံခဲ့သောအချိန်မှာ သူ အချစ်ဆိုတာ ဘာလဲ..ပြီးတော့ ချစ်ခင်တွယ်တာမှု အစစ် အမှန်ဆိုတာဘာလဲဆိုတာကို ခံစားခဲ့ရသည်။

သူမလေးသည် သူအရင်တုန်းက ဆက်ဆံရေးရှိခဲ့ဖူး သူ အမျိုးသမီးတွေ အကုန်နဲ့ခြားနားသည်။ သူမက သူ့ အတွက်တော့ ချစ်ခင်တွယ်တာမှုတွေ တက်ကြွမှုတွေ ပြည့်နှက်နေတာမျိုး..။

ဒါက ဘာကြောင့်လဲဆိုတာရဲ့ အကြောင်းပြချက်ပဲ။ ချုန်ရှင်းရဲ့ အထက်စီးဆန်မှု, သဘောထားသေးမှုနဲ့ စိတ် မြန်လက်မြန်ရှိမှုတွေကြောင့် ခေါင်းကိုက်ဝေဒနာ ခံစားရ မည့်အစား ကျင်ဟောက် သူမကိုလက်လွှတ်ပေးဖို့ မလုပ် နိုင်တာဖြစ်သည်။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now