အခန်း - ၁၀၂

4.5K 464 2
                                    

Unicode

အခန်း(၁၀၂)မုန်တိုင်းမလာခင် လေငြိမ်

ကုကျင်သည် သူနှင့်မျက်လုံးချင်း ဆက်သွယ်ရန် ကြိုးစားနေသည်ကို သတိထားမိသောအခါ မုမျင်ချန်၏ နှုတ်ခမ်းထောင့်လေးများက မြင့်တက်သွားလေသည်။

"မဟုတ်ဘူး.. သူမ ကျောင်းမှာ ဖြေရှင်းရမယ့်ကိစ္စ လေးတွေ ရှိနေသေးတယ်..အဲ့ဒါတွေကို အရင်ဖြေရှင်းပါ စေ..ရက်အနည်းငယ်နားပီးရင် သူမနဲ့အတူ ကျွန်တော့် မိဘတွေဆီ ပြန်သွားလည်မှာပါ"

သူ့အိမ်တော်ထိန်း​၏ ဖိတ်ကြားမှုကနေ သူမကို လွတ်မြောက်အောင် ကူညီဖို့ရာ သူ ထပ်ပြောလိုက်သည်။

"မင်းကို လောင်လျှိုက ပြန်လိုက်ပို့ပေးလိမ့်မယ်..''

ကုကျင်ကားထဲဝင်ပီး ထိုင်လိုက်တာကို မြင်သည်နှင့် မုမျင်ချန် တောက်ပစွာပြုံးလိုက်သည်။သူမကို ဘာကြောင့် လောင်လျှိုကို ကားမောင်းပို့ခွင့် ပေးလိုက်သည့် တခြား အကြောင်းပြချက်ကို ပြောမနေတော့ပေ။

မုအိမ်တော်ကို ပြန်လာတဲ့လမ်းမှာ မုမျင်ချန်က လက်တော့ပ်ကို သူ့ခြေထောက်ပေါ် တင်ထားခဲ့သည်။ သူ့ လက်ချောင်းများက လက်တော့ပ်ခလုတ်ပေါ် ပြေးလွှားနေ ရင်း သူ့မျက်နှာအမူအရာက ပိုပိုအေးစက်လာပီး နောက် ဆုံး ဒေါသတကြီး လှောင်ပြောင်သရော်လိုက်သည်အထိ အန္တရာယ်ရှိပုံပေါ်လာသည်။

မုမိသားစုအကြီးအကဲ မုကျင့်ကျုံက လက်ဖက်ရည် တစ်ခွက်သောက်ကာ ဆိုဖာပေါ်တွင်ထိုင်၍ အနားယူနေ သည်။ သူ့ဇနီးရွှီကျယ်ကတော့ သူနဲ့ မျက်နှာချင်းဆိုင်တွင် စိတ်ပူသည့်အမူအရာနှင့် ထိုင်နေသည်။

မုကျင့်ကျုံက လက်ဖက်ရည်ခွက်ကိုယူကာ သူ့ဇနီးကို သက်သာရာရအောင် နှစ်သိမ့်ဖို့ ကြိုးစားရင်း...

"သူ့ဒဏ်ရာက ၁၀ရက်အတွင်း သက်သာလာလိမ့် မယ်လို့ လက်ထောက်ဖန်းက ပြောတယ်မဟုတ်ဘူးလား.. တစ်ယောက်ယောက်ကသာ မင်းကို မြင်လို့ကတော့ စိုးရိမ်စရာ ဆိုးရွားတဲ့ကိစ္စတစ်ခုခု ဖြစ်နေတယ်ထင်နေ ဉီးမယ်..."

" စိုးရိမ်စရာကိစ္စ? ဒါကိစ္စကြီးဘဲလေ.." ရွှီကျယ်က မျက်ခုံးပင့်ကာ အေးစက်စက်ရယ်မောရင်း.... "ကျွန်မသား လုပ်ကြံခံရတာ အသေးအဖွဲကိစ္စလား.. သူ ငယ်ငယ် ကတည်းက ဒီအရွယ်ထိ ဘယ်လောက်တောင် ထိခိုက် ခံစားခဲ့ရသလဲ.. သေမင်းလက်ကနေ ဘယ်လောက်တောင် လွတ်မြောက်ဖို့ကြိုးစားခဲ့ရသလဲ?"

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now