အခန်း - ၁၂၂

4.7K 410 10
                                        

Unicode

အခန်း(၁၂၂)အကူအညီ

"မလိုပါဘူး"

ကုကျင်က မျက်ခုံးများကို ပင့်လိုက်၏။

"ဟိုးအရင်ကတည်းက ငါတို့ရဲ့အမှတ်သညာတွေကို ပြည်ဖုံးကားချခဲ့ပြီပဲ.. ဒါကြောင့်မို့ ဘယ်သူကမှ တခြား ဘယ်သူအပေါ် အကြွေးတစ်စုံတစ်ရာတင်နေခြင်းမျိုး မရှိ ဘူး"

သူမက ကော်ဖီတစ်ငုံလောက် သောက်လိုက်ပြီး ချိုချို အီအီအရသာလေးက သူမခံတွင်းထဲ ပျံနှံ့သွားခဲ့သည်။ ကုကျင်သည် ပျော်ရွှင်စွာဖြင့် မျက်ဝန်းများကို မှေးကျဉ်း ကာ ဇိမ်ခံနေသည်။ ဒီကော်ဖီဆိုင်က ကောင်းလိုက်တာ။

ချုန်ရှင်းသည် သူမအား အနည်းငယ်သောမနာလိုမှု တို့နှင့်ကြည့်နေခဲ့၏။ သူမရှေ့မှာ ရှိနေသောအမျိုးသမီး လေးသည် ခပ်ပါးပါးမိတ်ကပ်လေးကိုပင် လိမ်းခြယ်ထား ခြင်းမရှိပေ။ သူမ၏တည်ရှိမှုတစ်ခုလုံးက လန်းဆန်းမှု သက်တောင့်သက်သာ ဖြစ်စေမှုတို့ကို ထုတ်ပေးနေ၏။ တကယ်တော့ သူမ ခုလေးတင်ပြောခဲ့သည့်စကားလုံး သည် သူမနှလုံးသား၏အောက်ခြေမှ ထွက်ပေါ်လာခဲ့ သောစကားဖြစ်သည်။ ကုကျင်က တကယ့်ကိုလှတယ်။

"ငါ့လုပ်ရပ်တွေက မှားတယ်ဆိုတာ ငါသိပါတယ်..နင် ငါ့ကို ခွင့်မလွှတ်ပေးချင်ရင်လည်း ငါအတင်းအကျပ် မတောင်းဆိုပါဘူး"

ချုန်ရှင်းသည် သူမကိုယ်သူက ရယ်လိုက်ပြီး ခါးသီးစွာ ဆိုလာခဲ့၏။

"ဒါပေမယ့် နင့်ရဲ့အဒေါ်, ငါ့အမေရဲ့နာမည်ဂုဏ် သတင်းအတွက် ငါ့ကို တစ်ခုလောက်ကူညီပေးနိုင်မလား?

ချိုချိုအီအီကော်ဖီကို သောက်သုံးရခြင်းက သိသာလှ စွာပင် ငြီးငွေ့မှုနှင့် စိတ်အလိုမကျမှုတို့ကို ဖြစ်စေသည်။ ကုကျင်သည် ကြွေခွက်ကို အောက်ချလိုက်ကာ အသာ တကြည် ပြောခွင့်ပြုခဲ့သည်။

"ပြောပါ.. ငါနားထောင်နေတယ်"

နှစ်ဖက်စလုံးမှ အမေတွေရဲ့ သွေးသားတော်စပ်မှု တစ်ခုတည်းသာလျှင် သူမနှင့်ချုန်ရှင်းကို ဆက်သွယ်ပေး ထားသည်ဆိုတာကို သူမကောင်းကောင်းကြီးသိသည်။ ချုန်ရှင်းသာ ထွက်သွားခဲ့မယ်ဆိုလျှင် ကုကျင်၏မိခင်ဖြစ် သူ လီမျင်ရှာနှင့် သူတို့၏ဆက်ဆံရေးကြောင့် ညှိနှိုင်းသည့် သဘော အတော်လေး လုံလောက်သည့် ပမာဏကို တောင်းဆိုလာဟန်ရှိသည်။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now