Unicode
အခန်း(၁၄)ကုထောင်-၁
ကုထောင်သည် အခု အထက်တန်းတတိယနှစ်ကို ရောက်နေခဲ့ပြီး သူ့ဘဝရဲ့အရေးကြီးတဲ့ အလှည့်အပြောင်း တစ်ခုကို ရင်ဆိုင်နေရတာပါ။
စာလေ့လာတာကနေ သူ့ကို စိတ်အနှောင့်အယှက် မဖြစ်စေ အာရုံမပျက်စေဖို့အတွက် မူလကုကျင်က လွန်ခဲ့ တဲ့နှစ်အတွင်း အိမ်ကို မကြာခဏပြန်လာတာ နည်းသွား သည်။
သူတို့မိဘနှစ်ယောက်လုံးက ပညာတတ်တွေ ဖြစ်တဲ့ အတွက် နှစ်ယောက်လုံးက 'ယောက်ျားတွေက မိန်းမတွေ ထက် ပိုတော်တယ်' ဆိုတာကို ယုံတဲ့မိဘတွေ မဟုတ်ကြ ပါဘူး။ သူတို့ကလေးတွေက ထပ်ပြီး အတူတူရှိမနေနိုင် တော့ဘူး.မတည့်ကြတော့ဘူးဆိုတာကိုသိသွားတဲ့အခါမှာ သူတို့တွေက အဲ့အခြေအနေအပေါ် မျှော်လင့်ချက်မဲ့သလို ခံစားလာရပါတယ်။ ပြီးတော့ ကုထောင်အပေါ် ဆုံးမ ပဲ့ပြင်ပေးဖို့ အစီအစဥ်ဆွဲခဲ့ကြပါတယ်။ ဒါပေမယ့် ကုကျင် က သူတို့ကို တားလိုက်တယ်လေ။
ကုထောင်က သူမအပေါ် ဘာကြောင့် အလွန်မကျေ မနပ်ဖြစ်သလို ခံစားနေရတာနဲ့ပတ်သက်ပြီး မူလကုကျင် က စိတ်အနှောင့်အယှက်ဖြစ်သော်လည်းပဲ သူမက သူမ မောင်ကို အလွန်ချစ်ခင်ကြင်နာနေဆဲပါပဲ။ ပြီးတော့ သူ့ရဲ့ အပြုအမူတွေက သူကျောင်းမှာ ဖြတ်သန်းနေရတာတွေရဲ့ လေးလံတဲ့ဖိအားတွေကြောင့် ဖြစ်မယ်လို့ ယူဆလိုက် သည်။ သူ့ရဲ့အစ်မကြီးအနေနဲ့ သူမ ဘယ်တော့မှ သူ့ကို အပြစ်တင်မှာမဟုတ်ပါဘူး။
အချိန်အကြာကြီး အဝေးမှာနေပြီးနောက်ပိုင်း သူမက အမှန်တကယ်ကို ယနေ့မှ အိမ်ကို အလည်ပြန်လာတဲ့ အတွက်ကြောင့် ကုပါးပါးအံ့သြသွားတာက အကြာင်း မဟုတ်ပေဘူး။
"ရှောင်ထောင်...မင်းအစ်မ ပြန်လာပြီ''
ကုချောင်ရှုံ့သည် အိမ်ထဲမဝင်ခင် သူ့သားကို အပြင် ဘက်ကနေ အကျယ်ကြီး အော်ခေါ်သည်။
သူ့စကားတောင်မှ မဆုံးသေးဘူး... ရုတ်တရက် ဆိုသလိုပဲ အမြန်လှမ်းလာတဲ့ ခြေလှမ်းသံ... 'ရှပ် ရှပ် ရှပ် ရှပ်'အသံက ဟောခန်းတစ်လျှောက် မြည်ဟည်းနေလေ သည်။
ကုကျင်ရဲ့မျက်လုံးတွေ လင်းလက်သွားခဲ့သည်။ အနည်းငယ်ကောက်နေတဲ့ ဆံပင်တွေနဲ့ လှပတဲ့လူငယ် လေးတစ်ယောက်က သူမဘေးကနေ ရုတ်တရက် ဖြတ် သွားခဲ့ပြီး ဧည့်သည်ခန်းက ဆိုဖာပေါ် သွားထိုင်၏။
ВЫ ЧИТАЕТЕ
ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed)
Любовные романыBoth Unicode&Zawgyi Link: www.novelupdates.com Author: Jiang Li Yuan English Translation Name:I refuse to be a supporting character 155Chapters(Completed) Credit to Original Author and English Tra...
