ရှင်းလင်းချက်/ရှင်းလင်းချက်

9K 296 12
                                        

Unicode

မန့်တစ်ခုတွေ့လိုက်လို့ လာရှင်းပြတာပါ။

တစ်ချို့ကလည်း အဆုံးသတ်ကို မကြိုက်တာမျိုး ရှိမယ်ပေါ့နော်။

CaCa ကတော့ အရမ်းသဘောကျပါတယ်။

ဘာလို့လဲဆိုတော့

အပိုင်း(၁၄၇,၁၄၈,၁၄၉) ဂူဂျင်နှင့်မူမင်းချောင် ဆိုတာက..

ဒါဒါတို့ဖတ်ခဲ့ကြတဲ့ တခြားကမ္ဘာက ကူးပြောင်းလာတဲ့ဂူဂျင် လေးရဲ့ ဇာတ်ကြောင်းအဆုံးသတ်ပေါ့နော်။

အပိုင်း(၁၅၀,၁၅၁) ချောင်ရှင်းဆိုတာက..

ဒါဒါတို့ဖတ်ခဲ့ကြတဲ့ တခြားကမ္ဘာက ကူးပြောင်းလာတဲ့ဂူဂျင် လေးရဲ့ ဇာတ်ကြောင်းထဲက ချောင်ရှင်းရဲ့ဇာတ်သိမ်းလို့ပဲပြောရမှာပေါ့ရှင့်။

အပိုင်း(၁၅၂,၁၅၃,၁၅၃) အရင်ဘဝ ဆိုတာကတော့ ရှင်းပါတယ်။

ဘယ်သူမှ မကူးပြောင်းရင် မူရင်းဝတ္ထုရဲ့နောက်ဆက်တွဲအဆုံးသတ်အကြောင်းပါ..

အပိုင်း(၁၅၅)ကတော့ ရှုပ်တယ်ထင်ရပေမယ့် တွေးကြည့်ရင် ရှင်းရှင်းလေးပါ။

 ဝတ္ထုထဲက ဂူဂျင်ရယ် တခြားကမ္ဘာက ကူးပြောင်းလာတဲ့ ဂူဂျင်ရယ် .. သူတို့နှစ်ယောက် ဘယ်လို ဝိညာဉ်ကူးပြောင်းခဲ့ကြသလဲဆိုတဲ့အကြောင်းလေးနဲ့ ဝတ္ထုထဲက ဂူဂျင်ရဲ့ ဒုတိယအကြိမ် ပြန်လည်မွေးဖွားခြင်းအကြောင်းပါ။

မူရင်းဂူဂျင်က ပထမတစ်ခါ ပြန်လည်မွေးဖွားတုန်းက တခြားကမ္ဘာက ဝိညာဉ်ကူးပြောင်းလာတဲ့ ဂူဂျင်ရဲ့ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲ ရောက်နေခဲ့ပြီ။ ပြန်ယူဖို့ကြိုးစားပေမယ့် အတိမ်းအစောင်းမှာ သူမက မေ့မျောသွားခဲ့ပြီး အဲ့ချိန်မှာ ဝိညာဉ်ကူးပြောင်းလာတဲ့ဂူဂျင်က အခြေအနေတွေကို ပြောင်းလဲပစ်နေပြီ။ နောက်တော့ သူမက လက်လျော့လိုက်တော့တယ်။ ဒီလိုနဲ့ ဂူဂျင်နဲ့ မူမင်းချောင်တို့ လက်ထပ်သွားခဲ့ပြီး ဇာတ်လမ်းလေး ဇာတ်သိမ်းသွားခဲ့တယ်ပေါ့ကွယ်။

အဲ့ကျတော့ မူရင်းဝတ္ထုထဲက ဂူဂျင်ရဲ့ဝိညာဉ်ကျ ဘယ်လိုလုပ်ကြမလဲ။

ရှင်းပါတယ်.. နောက်တစ်ခါ ပြန်လည်မွေးဖွားခိုင်းလိုက်တာပေါ့။ ဒီတစ်ခါကျတော့ ဝိညာဉ်ကူးပြောင်း လာတဲ့ဂူဂျင်မပါတော့ဘူး။ သူမဇာတ်လမ်းသပ်သပ်ဖြစ်သွားခဲ့ပြီ။

You've reached the end of published parts.

⏰ Last updated: Sep 23, 2022 ⏰

Add this story to your Library to get notified about new parts!

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now