အခန်း - ၁၁၆

3.7K 398 5
                                    

Unicode

အခန်း(၁၁၆)ပန်းပင်လယ်-၃

ကုကျင်သည် သူမလက်ထဲရှိပိုက်ဆံအိတ်ကို ကျစ်နေ အောင်ဆုပ်ထားရ၏။ သူမက ဖြေးဖြေးချင်း မော့ကြည့် လာ၍ အေးစက်စက်နိုင်သောအသံဖြင့် ပြော၏။

"ရှောက်ချောင်, ရှင်ဒါဘာလုပ်တာလဲ?"

"မတွေ့ဘူးလားကွာ?ကိုယ်မင်းကို လိုက်နေတာလေ"

ရှောက်ချောင်သည် ယုံကြည်ချက်အပြည့်နှင့် သူမထံ ပန်းစည်းကို ပေးလိုက်၍ နွေးထွေးစွာပြုံးပြ၏။

"ကိုယ့်ကို လက်ခံပေးနိုင်မလား?"

ရပ်ကြည့်နေသူများက လက်ခုပ်လက်ဝါး တီးကာ အားပေးကြသည်။

"လက်ခံလိုက်, လက်ခံလိုက်!"

"ဘာပြောလိုက်တယ်?"

လူအုပ်စုလိုက် အားပေးမှုက ကုကျင်ကို မဖြုံစေပါ။ သူမက ရယ်သွေးသွမ်းစွာဖြင့် ပြုံး၍ ပါးပြင်ထက်ရှိ လူးလွင့်နေသည့်ဆံနွယ်တို့ကို သပ်တင်သည်။

"ရှောက်ချောင်, ကျွန်မ ဒီနေ့မှာ ရှာတွေ့လိုက်တဲ့ အရာကတော့ ရှင်ဆိုတာက လူစကားကို နားမလည်ဘူး ဆိုတာပဲ"

ထိုကဲ့သို့ စကားမျိုးက တစ်စုံတစ်ယောက်အား ကျိန်စာတိုက်နေခြင်းနှင့် အတူတူပင်။

"ကုကျင်, မင်းကိုယ့်ကို ဘယ်လောက်ပဲဆူနေပါစေ အရေးမကြီးဘူး.. ဒါကိုယ့်အမှားပဲ.. ကိုယ်က ကျိန်ဆဲခံရဖို့ ထိုက်တန်ပါတယ်"

ရှောက်ချောင်၏အပြုံးက တဖြည်းဖြည်းနှင့် မှိန်ဖျော့ လာခဲ့ပြီး ထိုအမျိုးသားက ကုကျင်၏မျက်ဝန်းထဲသို့ စူးစိုက်စွာ ကြည့်၏။

"ဒါပေမယ့် ကိုယ်ကို မင်းအပေါ် လက်လျော့သွားစေ ချင်တယ်ဆိုရင်တော့ မဖြစ်နိုင်ဘူးလို့ပဲပြောပါရစေ"

သူတို့ပတ်ဝန်းကျင်ရှိ လက်ခုပ်တီးသံတွေ အကုန် ဖြေးဖြေးချင်းစဲသွား၏။ ကိစ္စတွေက အပေါ်ယံမြင်နေရ သလို မရိုးရှင်းဘူးဆိုတာ သူတို့သဘောပေါက်သွား၏။

"အဲ့ဆုံးဖြတ်ချက်က ရှင့်အပေါ်မှာ မူတည်နေလိမ့် မယ်လို့ ကျွန်မတော့မထင်ဘူး"

ကုကျင်က ရယ်သံနှော၍ပြော၏။

"ရှောက်ချောင်, ရှင် ဆက်ပြီးအရှက်မဲ့နေဉီးမှာလား? ကျွန်မရဲ့ကောင်လေးနဲ့လည်း ဆုံထားပြီးသားကို ..ဘာဖြစ် လို့ ကျွန်မကို အနှောက်အယှက်ပေးနေရသေးလဲ? ချစ်သူ စုံတွဲတစ်တွဲကို ကွဲကွာပြတ်ဆဲသွားစေဖို့ တတိယလူ အဖြစ်ခံမယ့် ရှောက်မိသားစုရဲ့အမွေဆက်ခံသူပေါ့ ဟုတ် လား?"

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now