Unicode
အခန်း(၉၇) သူမ၏ စောင့်ရှောက်ပေးမှု
လက်ထောက်ဖန်းသည် သူဟာသူ တစ်ကိုယ်တည်း တွေးနေသည်။ 'မစ်ကု, ဒီအခွင့်အရေးကို ဆုပ်ကိုင်ထား ရမယ်.. ဘော့စ်ကို စောင့်ရှောက်ပေးဖို့ ဒီအခွင့်အရေးကို အရယူပြီးတော့ စာချုပ်ကို မြန်မြန်အဆုံးသတ်ဖို့ လုပ် တော့..'
'ခင်ဗျား မစ္စမုဖြစ်သွားတဲ့အချိန်ကျရင်တော့ ဘော့စ် ရှေ့မှာ ကျွန်တော့်အတွက် ကောင်းကောင်းလေးပြောပေး ဖို့တော့ မမေ့နဲ့ပေါ်ဗျာ'
ထိုကိစ္စကို တွေးမိသည်နှင့် သူ့အပြုံးက ပိုပိုနူးညံ့လာ တော့သည်။
"မစ္စတာမု, မစ်ကုက ဂရုစိုက်ကြင်နာတတ်တဲ့ချစ်သူ ကောင်မလေးတစ်ဉီးရဲ့ စံနမူနာကောင်းတစ်ခုပါပဲဗျာ"
ကြုံတောင့်ကြုံခဲ မုမျင်ချန်လို့ စိုးမိုးခြယ်လှယ်လို သောဇာတ်ကောင်တစ်ခုထံ သူ့အမြင်ကို ဖော်ပြဖို့ သတ္တိ ရှိနေသော လက်ထောက်ဖန်းက ချီးကျူးစကားဆိုသည်။
နှစ်နဲ့ချီ လေ့လာထားပြီးနောက် သူ၏ဆဠမအာရုံက သူ ဘော့စ်ကို စိတ်အနှောက်အယှက်ဖြစ်နေစေတယ်လို့ သူ့ကို ပြောနေသည်။ ရောက်လာမည့်အရာကို ကြောက် တာကြောင့် သူ၏ဝမ်းတွင်းအသိက ကုကျင်ကို ချီးကျူး ပေးဖို့ သူ့ကို လှုံ့ဆော်နေသည်။
သို့ပေသော်ငြား တစ်ဖက်လူကတော့ မမျှော်လင့်ဘဲ စိတ်အခြေအနေဆိုးရွားနေသည်။ ကုကျင်၏ဖော်ရွေသော အပြုံးမှ ချက်ချင်းပင်အေးခဲသွားပြီး အံတင်းတင်း ကြိတ် ထားသည်။
လက်ထောက်ဖန်က ဒီလိုဗလွတ်ဗလွတ်ပြောတတ် သူဆိုတာကို သူမ အရင်က ဘာဖြစ်လို့ သတိမထားမိခဲ့တာ လဲ? သူပြောနေသည်က အမှန်ဆိုသော်ငြား ကုကျင် သဘောမကျပါ။
ကုကျင်က မာဆတ်ဆတ်ပြုံးပြကာ ပြောသည်။
"လက်ထောက်ဖန်းရဲ့စကားလုံးတွေက အရမ်းချဲ့ ကားလွန်းနေပါပြီ.. ပြောဖို့တောင်မတန်တဲ့ ကိစ္စသေးသေး လေးပါ"
ကုကျင်နှင့်မတူဘဲကုတင်ပေါ်မှာလှဲနေသောမုမျင်ချန် ကတော့ သူ၏စိတ်အခြေအနေက တိမ်ဖုံးနေရာကနေ နေသာသွားသည်။ လက်ထောက်ဖန်းပေါ်ရှိ သူ၏မှောင် မဲသောအကြည့်တို့က ပျောက်ကွယ်သွားသည်။ ဒီသူ့ရဲ့ လက်ထောက်လေးက ဗားရှင်းအကောင်းတစ်ခုဖြစ်သွား သည်အလား။
YOU ARE READING
ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed)
RomanceBoth Unicode&Zawgyi Link: www.novelupdates.com Author: Jiang Li Yuan English Translation Name:I refuse to be a supporting character 155Chapters(Completed) Credit to Original Author and English Tra...
