အခန်း - ၅၈

8.8K 1K 61
                                    

Unicode

အခန်း(၅၈) မှတ်မိလား?

"ကျွန်မကို မှတ်မိလား"

ချုန်ရှင်း သူမရှေ့ရှိ အရပ်ရှည်ရှည်ခန်ညားလှသည့် အမျိုးသားကို ကြည့်နေမိသည်။ ထိုအမျိုးသားရဲ့ အဝတ်အစားပုံစံနဲ့ စရိုက်လက္ခဏာက သိသာထင်ရှားစွာ ပြောင်းလဲသွားပေမယ့် တစ်ခါက သူမကို ကယ်ပေးခဲ့ဖူး သောအမျိုးသားဆိုတာကိုတော့ သူမ သူ့ကို အကြည့် တစ်ချက်လေးမှာပင် မှတ်မိနိုင်ပါသေးသည်။

သူမ သူ့ကို မျှော်လင့်တကြီး ကြည့်နေမိ၏။ သူ အတိတ်က သူမကိုပြန်သတိရသွားကာ ပြန်လည်တုံ့ပြန် လာမည်ကို မျှော်လင့်နေရင်းပေါ့..။

မုမျင်ချန်က ဝိုင်နီတစ်ခွက်စာ ဖြည့်ထားတဲ့ဝိုင်ခွက်ကို ကိုင်ထားတဲ့သူ့ကောင်မလေးကို စောင်းငဲ့ကြည့်သည်။ သူမကတော့ အရင်အတိုင်း သိမ့်မွေ့ညင်သာတယ်၊ တိတ်ဆိတ်ငြိမ်သက်တယ်၊ ထက်မြက်နေတဲ့ဟန် ပေါ်နေ ဆဲပါပဲ။ ကုကျင်သည် ခုရောက်ရှိလာတဲ့သူက သူ့ကို အဲ့ မေးခွန်းမေးတဲ့အပေါ် အံ့သြသွားဟန် မရှိဘူး..တကယ် တော့ သူမက ဒီဒရာမာပေါ်နည်နည်းလေး ကြည်ရွှင်နေပုံ တောင် ပေါ်နေ၏။

သူမမျက်ဝန်းထဲမှ တဖျက်ဖျက်လက်နေမှုက သူမရဲ့ တည်ငြိမ်အေးဆေးတဲ့အပြုအမူကို သစ္စာဖောက်နေသည် ..သူမက ဒီစကားအကြောင်းအရာက ဘယ်လိုဆက်ဖြစ် သွားမလဲဆိုတာကို မြင်တွေ့ရဖို့ သိသိသာသာကို စိတ် လှုပ်ရှားလို့နေ၏။

မုမျင်ချန်က သူ့ရဲ့ရွှေရောင်မျက်မှန်ကို နှာတံရိုးပေါ် ပင့်တင်လိုက်ပြီး တောင်းတောင်းပန်ပန် ပြုံးပြလိုက် သည်။

" ဒီကမိန်းကလေး, စိတ်မရှိပါနဲ့ခင်ဗျာ...ဒါပေမယ့် ကျွန်တော် ခင်ဗျားကို အရင်က မမြင်ဖူးပါဘူး။"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

သူမရဲ့မျှော်လင့်ချက်တွေနဲ့အတူ ချုန်ရှင်းရဲ့အပြုံးက ချက်ချင်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်။ သူမက အမျိုးသားဖြစ်သူကို ဗလာအကြည့်တွေနဲ့ စိုက်ကြည့်ခဲ့ပြီး သူ့ကို အမြန်သတိပေး၏။

"ရှင် လွန်ခဲ့တဲ့ငါးနှစ်က ဘားတစ်ခုမှာ ကောင်မလေး ငယ်ငယ်တစ်ယောက်ကို ကယ်ပေးခဲ့ဖူးတယ်လေ"

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now