အခန်း - ၂၇

11.9K 1.2K 11
                                        

Unicode

အခန်း(၂၇)အမြင်က လှည့်စားတတ်သည်

သူမရဲ့အရင်ဘဝတုန်းက ကုကျင်ဟာဘယ်သောအခါ ကမှ 10cmမြင့်တဲ့ဒေါက်ဖိနပ်ကို မစီးကြည့်ခဲ့ဖူးပေ။*1

ဒါပေမယ့် အခုတော့170cmရှိတဲ့ ဗန်းကိုင်အလှမယ် လေးတွေနှင့် ဆီလျော်အောင် စီးနေရသည်။*2

ထိုဒေါက်ဖိနပ်တွေကို စီးထားရတာ ဘာနဲ့တူနေလိမ့် မလဲ။ သေချာတာပေါ့ စီးထားတဲ့သူက ကိုယ့်ကိုယ်ကိုယ် ပိုယုံကြည်မှုရှိလာပြီး ထည်ဝါလှပနေလိမ့်မယ်။

ဒါပေမယ့် သေချာပေါက်ကတော့ အလှအပအတွက် တန်ရာတန်ကြေးကို ပေးဆပ်ရမည်မှာ မလွဲပေ။

ဆုတွေ အားလုံးပေးအပ်ပြီးချိန်မှာတော့ အခမ်းအနား ကို မြန်မြန်အဆုံးသတ်လိုက်၏။

*3ဦးဆောင်သူက ပြီးဆုံးကြောင်း စကားပြောလိုက်
သည့်အတွက် ဗန်းကိုင်မယ်လေးတွေအတွက် ထပ်မံလုပ် ဆောင်စရာ တာဝန်များမရှိတော့ချေ။

အခြားသူတွေနဲ့ စကားစမြည်ပြောပြီးနောက် ကုကျင် က သူမဝတ်စုံကိုလဲဖို့အတွက်ငှာ အဝတ်လဲခန်းသို့ ဦး တည်ရန် ဆုံးဖြတ်လိုက်သည်။

" ကုကျင် "

သူမ လူအုပ်ထဲက ထွက်လာသည့်အချိန်မှာပင် တစ်စုံ တစ်ယောက်က သူမကို ခေါ်သံကြားလိုက်ရ၏။

သူမ ပြန်ကြည့်လိုက်တော့ ထုန်လင်ဖြစ်နေ၏။

ထုန်လင်သည် စာမူလို့ထင်ရတဲ့ စာရွက်အနည်းငယ် ကို ကိုင်ထားသည်။ လူငယ်လေးက ရိုးရိုးရှပ်အဖြူနဲ့ အနက်ရောင်ဘောင်းဘီရှည်ကို ဝတ်ထားပြီး ခြုံငုံကြည့် ရင် သပ်ရပ်သားနားပုံ ထင်ဟပ်နေသည်။ သူက အရပ် ရှည်ရှည်ပိန်ပိန်သွယ်သွယ်ပင်၊ စိတ်ကူးယဥ်အချစ်ဝတ္တု ထဲမှ တန်းတန်းမတ်မတ် လမ်းလျှောက်ထွက်လာတဲ့
ခန့်ညားလှတဲ့ ကျောင်း၏မင်းသားလေးအလား... ထင် မှတ်ရ၏။

ထုန်လင်သည် သူ့ရဲ့အပြုအမူစကားပြောဟန်တွေမှာ အရမ်းတည်လွန်း၍သာ လူတွေက သူ့ဆီကနေ အေးစက် မှုနဲ့ အလှမ်းကွာဝေးမှုဆိုတာကြီးကို ခံစားရလေ့ရှိတာ။ အမျိုးသမီးကျောင်းသူလေးတွေ အများစုရဲ့စိတ်ထဲမှာ တော့ သူဟာ လုံးဝကိုအလှမ်းမမှီနိုင်တဲ့ နတ်ဘုရားတစ်ပါး ပင်။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now