Unicode
အခန်း(၂) ဝိညာဉ်ကူးပြောင်းခြင်း-၂
ကုကျင်ရဲ့နှုတ်ခမ်းထောင့်လေးက နည်းနည်းလေး မြင့်တက်သွားသည်။ သူမက အတွေးတစ်ခုတောင်မရှိဘဲ ငြင်းပယ်ခဲ့သည်။
"မလိုပါဘူးဟာ.. ကျင်းဟောက်က နင့်ကို ပေးတဲ့ အတွက်ကြောင့် အဲ့အဝတ်အစားတွေက နင့်အပေါ်ထားတဲ့ သူ့ခံစားချက်တွေကို ကိုယ်စားပြုပေးတယ်လေ.. အကယ် ၍ ငါဝတ်လိုက်မယ်ဆိုရင် ငါက သူ့ဆန္ဒတွေကို ဖျက်ဆီး သလိုဖြစ်သွားမှာစိုးတယ်"
သူမက အဓိပ္ပါယ်ပါပါနဲ့ ထပ်ပေါင်းပြောသေး၏။
"ဒါ့အပြင် တစ်စုံတစ်ယောက်ရဲ့လက်ဆောင်ကို အဲလို ပေးပစ်တာက မလုပ်သင့်ဘူးမလား"
ချုန်ရှင်းက သူမပြောတာကို သဘောတူသွားခဲ့ သည်။ ကျင်ဟောက်က အရမ်းပိုင်စိုးပိုင်နင်းရှိ၏။ တကယ် လို့ သူမကသာ သူ့လက်ဆောင်ကို တခြားသူကိုပေးပစ် လိုက်တာသိသွားရင် သူမကို မျက်တောင်တစ်ချက်မခတ် ဘဲ အပြစ်ပေးလိမ့်မည်။ သူမ သူရဲ့အပြစ်ပေးမှုတွေကို တွေးမိလိုက်တဲ့အခါ ဒူးတွေမခိုင်တော့ဘဲ ပါးပြင်က အနီ ရောင်သမ်းလို့လာတော့၏။
သူမနဲ့ကုကျင်က အချစ်ဆုံးသူငယ်ချင်း ဖြစ်သလို ညီအစ်မတွေလည်း ဖြစ်သည်။ နှစ်ယောက်လုံးကလည်း ချို့တဲ့သူတွေမဟုတ်လို့ ပြန်ပေးခြင်းမပေးခြင်းဆိုတာ လုံးဝစိုးရိမ်စရာမလိုဘူးလေ။ ချုန်ရှင်းက ပျော်ပျော်ဘဲ ပြန်ပြောသည်။
"ကျေးဇူးညီမလေး.. မနက်ဖြန်ငါနင့်ကို ညစာဝယ် ကျွေးမယ်နော်.. နင့်ကိုအရမ်းချစ်တယ်။"
ချုန်ရှင်းကို ပြန်သွားဖို့ကို အတော်လေး ကြိုးစား အားထုတ်ပြီးတဲ့နောက် ကုကျင်သည် ဒေါက်မြင့်ဖိနပ်ကို ချွတ်၍ နာကျင်တောင့်တင်းနေတဲ့ သူမခြေထောက်တွေ ကို နှိပ်နေလိုက်သည်။ သက်ပြင်းအကြီးကြီးချလိုက်ပြီးတဲ့ နောက် သူမက ရှုပ်ပွနေတဲ့အိပ်ယာကို ကြည့်၏။
နှစ် ၂၀ ကျော်နေထိုင်လာခဲ့ပြီးနောက် ကုကျင်ရရှိခဲ့တဲ့ စိတ်အညစ်ဆုံးတာဝန်ကတော့ အမျိုးသမီးဇာတ်လိုက်ရဲ့ best friendဆိုတဲ့ ပွဲကြည့်ပရိတ်သတ် ဘေးအရံအခန်း ကဏ္ဍကိုပါပဲ။
STAI LEGGENDO
ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed)
Storie d'amoreBoth Unicode&Zawgyi Link: www.novelupdates.com Author: Jiang Li Yuan English Translation Name:I refuse to be a supporting character 155Chapters(Completed) Credit to Original Author and English Tra...
