အခန်း - ၅၇

10.2K 1K 20
                                        

Unicode

အခန်း(၅၇)အမျိုးသမီးဇာတ်လိုက်ရဲ့အ​ဖြူရောင် လအလင်း

မစ်(စ်)ကုသည် အမြင်ကိုဖမ်းစားနိုင်တဲ့ အမျိုးသမီး
တစ်ယောက်သာမဟုတ်ဘဲ သူမမှာ ကောင်းမွန်တဲ့ခံစား နိုင်စွမ်းရှိတယ်ဆိုတာကိုတော့ သူဝန်ခံရလိမ့်မည်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်တုန်းက သူ့ကုမ္ပဏီမှာ သရေစာမုန့်အစား စျေးနှုန်းမြင့်အစားအစာတွေကို ဦးစား​ပေးထုတ်လုပ်ဖို့ကို ပြောင်းလဲဆုံးဖြတ်ခဲ့သော်လည်း အသေးစားသရေစာမုန့် တွေက သူတို့ကုမ္ပဏီ ကြီးပွားဖြစ်ထွန်းမှုရဲ့အစဆိုတာက တော့ အမြဲ မှတ်ကျောက်တွင်နေမှာ အမှန်ပင်။

သူ့ရဲ့ကုမ္ပဏီကို အမွှန်းတင်ခြင်း ပြီးသွားတဲ့နောက်မှ ထိုသက်ကြီးစီးပွားရေးသမားကြီးက လူငယ်စုံတွဲနားကနေ ခြေလှမ်းအနည်းငယ်လောက် လျှောက်ပြီးချိန်မှ ရုတ်တ ရက် အတွေးတစ်ခုရသွားသည်။ သူ မှတ်မိတာသာမှန်မယ် ဆိုရင် ကျင်မိသားစုနဲ့ မုမိသားစုကဆိုရင် မည်သည့်ပတ် သတ်ဆက်နွယ်မှုမျိုးမှ မရှိပါဘူး..ဒါကို မစ္စတာမုက ကျင် မိသားစုဒင်နာပွဲကို တကယ်ကြီး တက်ရောက်လာခဲ့တယ်။

ကျင်မိသားစုက မုမိသားစုရဲ့လှေပေါ် တက်လှမ်းနိုင်ခဲ့ ပြီလား?...

သူ တကယ့်ကိုအိုလာပြီပဲ..။ သူ့မှာ ဒီလိုသတင်းအစ အနလေးနဲ့ပတ်သတ်လို့တောင်မှ ကောင်းကောင်းသတင်း မရတော့ပါလား...။

ပါတီပွဲပြီးလို့ နောက်ရက်မှာတော့ 'မု' အုပ်စုကြီး၏ ဥက္ကဋ္ဌမုမျင်ချန်မှာ ကုမျိုးရိုး ချစ်သူကောင်မချောချောလေး တစ်ယောက်ရှိနေပြီဆိုတာကို လူတိုင်း သိရှိနေကြပြီး ဖြစ်နေကြမှာပင်..။

••• ••• •••

"ရှောင်ကျင်.."

ကုကျင်နှင့်မုမျင်ချန်တို့ တစ်ယောက်နဲ့တစ်ယောက် ကလဲ့စားချေနေကြစဥ် ရုတ်တရက် ရင်းနှီးကျွမ်းဝင်တဲ့ အသံတစ်ခုကို ကုကျင်ကြားလိုက်ရသည်။ သူမ လှည့် ကြည့်လိုက်တော့ သူမရဲ့နောက်မှာ ပန်းရောင်ဝတ်စုံလေး နဲ့ရပ်နေတဲ့ချုန်ရှင်းကို မြင်လိုက်တယ်။

အမှန်တကယ်ကို ဒီဝတ္ထုရဲ့မင်းသမီးလေးဖြစ်တဲ့ ချုန်ရှင်းရဲ့အသွင်အပြင်က မဆိုးဝါးနေပါဘူး။ သူမရဲ့ နဖူး လေးတွေ နှာဖျားလေးတွေက နှစ်သက်ဖွယ်ရှိနေပြီး သူမ ရဲ့ခန္ဓာကိုယ်က ပြည့်ပြည့်လေးနဲ့ကိုယ်လုံးကိုယ်ပေါက် လှ သည်။ လှပတဲ့ အကိုင်းအခက်လေးတွေနဲ့ ဝေဝေဆာဆာ ပွင့်လန်းနေတဲ့ မက်မွန်ပင်လေးအလား စွဲမက်စရာ ရွန်းလဲ့ တောက်ပနေ၏။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Donde viven las historias. Descúbrelo ahora