အခန်း - ၁၀၁

5.4K 539 13
                                    

Unicode

အခန်း(၁၀၁)ရောက်ရှိခြင်း

နံနက်ခင်း၂နာရီအချိန်သည် လူအများ နှစ်ခြိုက်စွာ အိပ်မောကျနေချိန်ဖြစ်၏။ သို့သော် ယခုတွင်ကား မုမျင် ချန်တစ်ယောက် အိပ်မပျော်နိုင်ဘဲ ဖြစ်နေသည်။

သင် သဘောကျနှစ်သက်သူက သင့်ညာဘက်ဘေး နားတွင် ရှိနေခဲ့လျှင် ဘယ်လိုသာမန်လူကများ အလွယ် တကူ အိပ်ပျော်နိုင်ပါ့မလဲ?...

မုမျင်ချန်က သူက သာမန်လူတစ်ယောက်ပဲလေဟု သူ့ကိုယ်သူ တွေးလိုက်မိ၏။ ထို့ကြောင့် မျက်လုံးကို အသာဖွင့်လိုက်ရင်း ကုကျင်ကို ကြည့်လိုက်သည်။

ညမီးရောင်မှိန်မှိန်အောက်တွင် သူမလေး၏ မျက်နှာ အမူအရာသည် အိပ်မောကျသွားပြီး နောက်မှာတောင် တည်ငြိမ်ပြီး တိတ်ဆိတ်နေတဲ့ ပန်းချီကားတစ်ချပ်သဖွယ် အလွန်သက်တောင့်သက်သာ ရှိနေပုံရ၏။

မြင်ကွင်းထဲရှိ သူမသည် ညင်သာပြီး ဂရုမစိုက်တတ် သောဟန်ရှိသည်။ သို့သော် သူမ ပြုံးလိုက်သောအခါဝယ် သူမ၏မျက်ဝန်းတွေနှင့် မျက်နှာအမူအရာသည် သူ၏ချစ် ခြင်းမေတ္တာအား ဖိတ်ခေါ်နေသလိုပင်။

မုမျင်ချန်သည် သူ၏အသက်ရှူသံအား ထိန်းချုပ်ထား ရင်း အသာအယာတိုးကပ်သွား၏။ သူသည် ဂရုတစိုက် ချဥ်းကပ်လာပြီး သူမ၏လှပသောဆံနွယ်များထက် အနမ်း တစ်ပွင့် ခြွေချလိုက်၏။

ထိုအခိုက်အတန့်၌ မုမျင်ချန်သည် လျင်မြန်စွာပင် နောက်ပြန်ဆုတ်လိုက်၏။ သူ၏နှလုံးသားသည် ရင်ဘတ် ထဲမှ ခုန်ထွက်လာမတတ် ကျယ်လောင်စွာ မြည်းဟည်း နေခဲ့၏။

ဤခံစားချက်သည် လုံးဝကို ထူးဆန်း၏။ သူသည် မူလအနေအထားအတိုင်း ပြန်လည်လဲလျောင်းလိုက်ပြီး သူ၏ရင်ဘတ်ကို အုပ်ကိုင်ထားလိုက်၏။ ထို့နောက် ဤ ခံစားချက်ကိုကြည်နူးရန် ကုကျင်ကိုပြန်ကြည့်လိုက်သည်။

အမှောင်ထဲမှာ ကုကျင်ရဲ့မျက်တောင်မွှေးလေးတွေ က အနည်းငယ် တုန်ရီနေခဲ့သည်။ သူမရဲ့မျက်ခွံ​တွေ လှုပ်ရှားသွားခဲ့ပေမယ့် မျက်လုံးတွေတော့ ဖွင့်မလာခဲ့။

••••••••••••••••••••••••••••

အင်ပါရီရယ်မြို့တော်လေဆိပ်၌........

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now