အခန်း - ၁၂၉

4.2K 381 4
                                        

Unicode

အခန်း(၁၂၉)ယောက်ဖ-၂

ဝမ်းနည်းနေသောစိတ်အခြေအနေက လျင်လျင်မြန် မြန် ပေါ်လာပြီးနောက် ကွယ်ပျောက်သွားခဲ့သည်။ ကု ထောင်ပင် ကောင်းကောင်းမခံစားလိုက်ရသေးခင် ခြေရာ လက်ရာမကျန် ပြန်ပျောက်သွားခဲ့၏။ အနှီခဏတာ လေးကို မှတ်မိရုံသာမှတ်မိလိုက်ပြီး သူ့နှလုံးသားမှာ ဖိစီး လွန်းလို့ အသက်ပင်မရှူနိုင်ဖြစ်ရသည်။

"ရှောင်ထောင်"

သူ့မျက်နှာက အလွန်အမင်း ဖြူဖျော့သွားသည်ကို ကုကျင် သတိထားမိသည်။ သူမရဲ့စကားသံကို လျစ်လျူ ရှုနေတာကြောင့် စိတ်အားထက်သန်စွာဖြင့် သူ့ရှေ့မှာ လက်တွေ ဝေ့ယမ်းပြလိုက်သည်။

"အဆင်ပြေရဲ့လား?"

"ငါ ကောင်းပါတယ်.. ဘာလုပ်ပေးရမလဲ?"

ကုထောင်သည် ဝရုန်းသုန်းကား ခံစားချက်တွေမှ ပြန်လည်သက်ဝင်လာခဲ့ကာ ကုကျင်၏လက်အား အသာ အယာဘေးသို့ ဖယ်လိုက်သည်။ အစ်မဖြစ်သူ၏မျက်ဝန်း တွေထဲမှ စိုးရိမ်ပူပန်မှုများကို သတိပြုမိတော့ ကုထောင် ၏နှလုံးသားလေး အလွန့်အလွန် သက်သာသွားသည်။ ထို့ကြောင့် သိပ်စိတ်ထဲမထားတော့ချေ။ ဖြစ်နိုင်တာက တော့ နေ့လည်ခင်းတုန်းက ဘတ်စကတ်ဘောကစား လိုက်ခြင်းက သူ့ကို အရမ်းတက်ကြွစေသည်ထင်၏?

"အဲလိုဆို ပြီးရော"

နှစ်ယောက်အတူတူ ယှဉ်လျှောက်လာသည့်အိမ်ပြန် လမ်းမှာ ကုကျင်သည် ကုထောင်အား စိတ်မချဖြစ်စွာ ကြည့်မိ၏။ ပြဿနာဖြစ်စေဖို့ သူမ မရည်ရွယ်ခဲ့ပါဘူး။ သို့သော် ဒီကောင်လေးရဲ့အမုအရာက အတော်လေး ကြောက်နေပုံပေါ်သည်။ ရှေးဆိုရိုးအတိုင်း ပြောရလျှင် ခန္ဓာကိုယ်မှ ဝိညာဉ်ထွက်လာပြီး ပြန့်ကျဲသွားလောက် သည်အထိ ကြောက်ခြင်း။

ကုကျင်ဟာ သူမကိုယ်သူမ ရုပ်ဝါဒီတစ်ယောက်ဟု သတ်မှတ်ထားခဲ့ခြင်းဖြစ်သည်။ ဒါပေမယ့် ပြန်လည်မွေး ဖွားခြင်းဖြစ်စဉ်က ကမ္ဘာကြီးအပေါ် သူမ၏နားလည်နိုင် စွမ်းကို နဂိုအတိုင်းမဖြစ်စေတော့။ ကုထောင်၏အခြေ အနေကို အသေးစိတ် အချိန်အတော်ကြာအောင် လေ့လာ ကြည့်ပြီးနောက် ဘာမှဖြစ်မနေဘူးဆိုတာကို အတည်ပြုခဲ့ ပြီးမှ စိတ်အေးသွားခဲ့သည်။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now