အခန်း - ၅၂

9K 1.1K 15
                                    

Unicode

အခန်း(၅၂) ကျင်မိသားစုပါတီပွဲ-၂

မုမျင်ချန်၏အေးစက်နေတဲ့မျက်နှာထားဟာ ထို လူအိုကြီးအပေါ်မှာ စူးစိုက်နေပြီး ရင်သပ်ရှုမောဖွယ်ရာ အမျိုးသမီးလေးကတော့ သူနဲ့မျက်နှာချင်းဆိုင်မှာ ရှိလို့ နေလေ၏။

ဘော့စ်ကျောင့်ရဲ့ဆွေးနေတဲ့အရိုးတွေဟာ ခြေမွခံနေ ရသလိုခံစားနေရပြီး သူ့ရဲ့လက်တွေဟာ မခံမရပ်နိုင် လောက်အောင် ကောက်ကွေးလို့နေလေသည်။ သူဟာ အနှောင့်အယှက်လာပေးသူကို ဆူပူကြိမ်းမောင်းဖို့ တစ် ဖက်ကို လှည့်ကြည့်လိုက်တဲ့အခါ အဖြူရောင်suitနှင့် လူငယ်လေးတစ်ယောက်ရဲ့မျက်နှာကို ရုတ်တရက် မြင်လိုက်ရသည်။ ဘော့စ်ကျောင့်ရဲ့ နောက်ကျောဟာ မကြာခင်မှာပဲ ချွေးအေးတွေနဲ့ ရွှဲနစ်လို့လာလေသည်။

"အာ့...တောင်းပန်ပါတယ်.... သူမက မစ္စတာမုရဲ့ အမျိုးသမီးမှန်းမသိခဲ့လို့ပါ....'' သူဟာ တုန်ယင်နေတဲ့ အသံနဲ့ ပြော၏။

"လူကြီးမင်း...ကျေးဇူးပြုပြီးတော့ ဒီကလူကြမ်းကြီး ကို မေ့လိုက်ပြီး ဒီတစ်ကြိမ်တော့ ကျွန်တော့်ကို ခွင့်လွှတ် ပေးပါဗျာ.....''

"ဒီကနေ ထွက်သွား...ခင်ဗျားရဲ့မျက်နှာကို ငါ့ရှေ့မှာ နောက်ထပ်ဘယ်တော့မှ မပြမိစေနဲ့....မင်းရဲ့အနုပညာ ကုမ္ပဏီသေးသေးကို ထိန်းသိမ်းထားချင်ပြီး ရုတ်တရက် မပျောက်ကွယ်သွားစေချင်ရင်ပေါ့....''

မုမျင်ချန်က သတိပေးလိုက်ပြီး ဘော့စ်ကျောင့်ကို မီတာအနည်းငယ်အဝေးထိ ပစ်လွှင့်လိုက်၏။

ဘော့စ်ကျောင့်ဟာ စကားတစ်ခွန်းမှ မပြောတော့ဘဲ ကမန်းကတန်းထရပ်လိုက်ပြီး ထွက်ပြေးသွားတော့သည်။

"သူငယ်ချင်း...ဘာဖြစ်လို့လဲ?....''

အဝေးကနေ အဲ့မြင်ကွင်းကိုမြင်လိုက်ရတဲ့ သူ့ရဲ့ရင်းနှီး တဲ့မိတ်ဆွေတစ်ယောက်က သူ့ကို အလျင်အမြန်ပဲ မေး လာ၏။ ဘောစ့်ကျောင့်သည် ဖျော့တော့နေတဲ့မျက်နှာနဲ့ ပြုံးပြလိုက်ပြီး ပြန်ဖြေလေသည်။

"ငါ့မှာ အစာအိမ်ပြဿနာလေးရှိတယ်....ဒါပေမယ့် ဒီနေ့ဆေးကို ငါနဲ့အတူယူလာဖို့ မေ့သွားလို့....ဒါကြောင့် ငါ အရင်ပြန်နှင့်တော့မယ်.....''

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now