အခန်း - ၁၄၄

3.3K 349 3
                                    

Unicode

အခန်း(၁၄၄) သဘောမတူခြင်း

"အဲ့အကောင်နဲ့အတူရှိနေတဲ့ အမျိုးသမီးက မင်းဇနီး လောင်းရဲ့ဝမ်းကွဲဆိုပြီး လူတစ်ချို့ဆီက ပြန်ကြားရတယ်"

ရွှီပိုင်ရှန်းသည် ခဏလောက် တွေးဆနေသေး၏။

"သူတို့က ဘယ်လိုတော်စပ်တာလဲ?"

"သူမက ကုအိမ်က အဘွားကြီးမွေးစားထားတဲ့ မိဘမဲ့ တစ်ယောက်ပါ.. ရှောင်ကျင်နဲ့ ဘာမှမဆိုင်ပါဘူး"

မုမျင်ချန်သည် အသားပေးပြော၏။

"သူတို့နှစ်ယောက် အငြင်းပွားဖွယ်အခြေအနေထဲ ငြိ သွားတာနဲ့ပတ်သတ်လို့ကတော့ ဝမ်းကွဲအစ်ကိုကိုယ်တိုင် အသိဆုံးဖြစ်ပါလိမ့်မယ်လို့ ထင်ပါတယ်"

"ငါ့ကို အမှန်အတိုင်း ပြောစမ်းပါ"

ရွှီပိုင်ရှန်းသည် သူကမ်းပေးလာသောရေခွက်ကို မယူ ချေ။ ခက်ထန်သောအကြည့်နှင့် မေး၏။

"ဒီကိစ္စမှာ မင်းပါသလား?"

ထိုနေ့က မောလ်မှာ မုမျင်ချန်နှင့်ကုကျင်တို့လည်း ရှိနေခဲ့ကြတာကို သူ့လူတွေ ရှာတွေ့ခဲ့ကြ၏။ ရွှီပိုင်ရှန်း သည် ဒါဟာ တိုက်ဆိုင်မှုသက်သက်ပါဟု ပြောလာခဲ့ရင် တောင် ယုံမည်မဟုတ်။

"အဘိုးက ကျွန်တော့်ကို သံသယဝင်နေတာလား?"

မုမျင်ချန်သည် လက်ကို မလှုပ်မယှက်ထိန်းထားပြီး ရွှီသခင်ကြီး၏စူးစမ်းနေသော မျက်ဝန်းများကို ဖြေကြားဖို့ ရာ ဖြေးဖြေးချင်း ပါးစပ်ကိုဖွင့်လိုက်သည်။

"ကျွန်တော် ပြောရမယ်ဆိုရင်တော့ ဟုတ်တယ်.. ကျွန်တော့်လက်ချက် အမှန်ပဲ"

"မင်း...."

ရွှီပိုင်ရှန်းသည် မျက်ဝန်းများကို အကျယ်ကြီး ဖွင့်ထား ပြီး ကိုယ်ကိုမတ်လိုက်၏။ မုမျင်ချန်၏ရေခွက်ကို ဆွဲယူ ကာ မုမျင်ချန်အား ရေနှင့်ပက်လိုက်ပြီး ဆူပူလေသည်။

"လူယုတ်မာ"

မုမျင်ချန်၏မျက်နှာနှင့် အင်္ကျီတွေပေါ် ရေတွေ စိုကုန် ၏။ ခွက်ကို မြေကြီးပေါ်ပစ်ခွဲပစ်ရာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now