အခန်း - ၁၁

11.5K 1.4K 15
                                    

အခန်း(၁၁) သွေးနီကျောက်စိမ်းလက်ကောက်

တကယ်တော့ ဒီသွေးနီကျောက်စိမ်းလက်ကောက် သည် အရည်အသွေးအကောင်းဆုံးပစ္စည်းနဲ့ ပြုလုပ်ထားရုံ သာမကပဲ အရေးပါတဲ့အဓိပ္ပါယ်ကိုလည်း ကိုင်ဆောင်ထား ပါသေးသည်။ ဒီပစ္စည်းက ကုကျင်၏အဘွားမှ သူမအမေ ဆီသို့ ချန်ထားပေးခဲ့သည့် ဘိုးစဥ်ဘောင်ဆက်အမွေ ပစ္စည်းပင် ဖြစ်ပေ၏။

ကုကျင်တို့မိသားစုအကြောင်း ပြောရမယ်ဆိုရင် သူတို့က အတော်လေး ရိုသေလေးစားခံရသူတွေလို့ ပြော နိုင်ပါသည်။ ချင်မင်းဆက်၏ နောက်ဆုံးနန်းသက် ၂ နှစ် အတွင်းမှာ သူမ(ကုကျင်)တို့၏ ဘိုးဘေးတစ်ဦးက နန်းတွင်းစာမေးပွဲမှာ အမြင့်ဆုံးဆုဖြစ်သော ကျင်းရှီဆုကို ရရှိခဲ့သည်။ ထိုရလဒ်သည် သူမတို့၏မိသားစုကို မြောက် များစွာသော အောင်မြင်မှုနှင့်ဂုဏ်သရေကို ဆောင်နှင်း ပေးခဲ့လေသည်။

ချင်မင်းဆက်ကျဆုံးပြီးနောက် နိုင်ငံတော်အသစ် တည်ထောင်ဖို့ရာ ဦးတည်ဖြစ်ပွားခဲ့သောစစ်ပွဲမှ ပရမ်း ပတာအခြေအနေများကြောင့် သူမ၏ဘိုးဘေးတွေက အလွန့်အလွန် ဒုက္ခရောက်ခဲ့ကြရသည်။

စစ်ပွဲ၏နောက်ဆက်တွဲ ဖရိုဖရဲအခြေအနေတွေ ကုန် ဆုံးပြီးနောက် သူမတို့မိသားစု၏ ဥစ္စာဓနများမှာလည်း အကုန်ပျံ့ကြဲကုန်၏။{T/N:နေရာတွေက အတည်တကျ မရှိတော့ဘဲ ပိုင်ဆိုင်မှု အထောက်အထားတွေလည်း ပျောက်ဆုံးကုန်တာကို ပြောချင်တာလို့ ထင်ပါတယ်။ လက်ဆုပ်လက်ကိုင် မပြနိုင်တော့တဲ့ အခြေအနေမျိုးပါ}

ထိုအချိန်မှာ သူမ၏အဘွားက အသက်ငယ်ငယ်ရွယ် ရွယ်မှာဘဲ သူမကိုယ်သူမ ထိခိုက်မိခဲ့သည်။ သို့ဖြင့် လီမျင် ရှာနှင့်လီမျင်ဟုန်ဆိုသည့် ညီအစ်မနှစ်ဦးကိုသာ မွေးဖွား​ ပေးနိုင်ခဲ့သည်။

ဒီညီအစ်မနှစ်ဦး အရွယ်ရောက်လာပြီးတဲ့နောက်မှာ တော့ တစ်ယောက်က တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ် သည့် ကုချောင်ရှုံ့နဲ့လက်ထပ်ခဲ့ပြီး ကျန်တစ်ယောက်က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သောချုန်ဝမ့်ရန်ကို လက် ထပ်ခဲ့၏။

ညီအစ်မတစ်ယောက်က ရိုသေလေးစားခြင်းခံရသည့် တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်လာချိန်မှာ​တော့ အခြား တစ်ယောက်က အထက်တန်းစား ချမ်းသာကြွယ်ဝတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်လာခဲ့၏။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now