အခန်း - ၁၁၁

5.3K 440 9
                                        

Unicode

အခန်း(၁၁၁)ဓာတ်ပုံများ

ချုန်မိသားစုစတူဒီယို......

ချုန်ရှင်းသည် ထိုင်ခုံတစ်ခုပေါ် ထိုင်နေရင်း စတူဒီယို ရဲ့နံရံတွေပေါ် ဖုံးလွှမ်းနေသော ပုံတူပန်းချီကားများကို စူးစိုက်ကြည့်နေခဲ့သည်။

သူမ၏လက်ထဲတွင် ဤနှစ်အတွင်း နာမည်ကြီး ဘရန်းတစ်ခုမှ ထုတ်လုပ်ရောင်းချထားသော limited edition စုံတွဲလက်ကောက်ထဲက တစ်စိတ်တစ်ပိုင်းဖြစ် သည့် အနုစိတ်လှသော လက်ကောက်တစ်ကွင်း ရှိနေ သည်။

သင်တို့ ငယ်ရွယ်စဥ်အခါက သင်တို့နှလုံးသားဟာ စိတ်ကူးယဥ်ဆန်တဲ့အရာများအပေါ် ပူပန်ကြသည် (စိတ် ကစား)။ သို့သော် သင် အရွယ်ရောက်ချိန်တွင်တော့ သင်၏ချစ်ရသူအပေါ် ချစ်ကျွမ်းဝင်ကြ၏။ ချုန်ရှင်းဟာ နောက်ဆုံးတွင်တော့ သူမနှလုံးသားထဲက အဖြေတစ်ခုကို ရှာတွေ့သွားခဲ့ပြီ။

အချိန်အတော်ကြာပြီးနောက် သူမသည် ထိုင်ရာမှထ ကာ ပုံတူပန်းချီကားတစ်ခုရှေ့ မတ်တပ်ရပ်လိုက်သည်။ တစ်ခဏခန့် သူမရဲ့လက်ကို ချီတုံချတုံဖြင့် မြှောက် လိုက်မိ၏။ ထို့နောက် ပြတ်ပြတ်သားသားပဲ နံရံပေါ်က ပုံတူပန်းချီကို ဆုတ်ဖြဲလိုက်တော့သည်။

ချုန်ရှင်းသည် သူမ၏နှလုံးသားထဲ ရင်းနှီးကျွမ်းဝင်နေ ခဲ့သော ဖုန်းနံပါတ်အား ဆက်လိုက်သည်။ ထို့နောက်တွင် လက်ကောက်အား လှပစွာထုပ်ပိုးထားသော သေတ္တာ တစ်ခုအတွင်းသို့ ထည့်လိုက်တော့သည်။

••••••••••••••••

ဤရက်တွေအတွင်း အလုပ် အလွန်များနေခဲ့သော ကျင်ဟောက်သည် သူရဲ့သီးသန့်ဆဲလ်ဖုန်းဆီမှ ဖုန်းသံ ကြားသောအခါတွင် အနည်းငယ် အံ့သြသွားသည်။

တတိယအကြိမ် ဖုန်းမြည်လာတော့ ဖုန်းကိုင်ဖို့ရာ တွန့်ဆုတ်မနေတော့ပေ။

''ဟောက်.... ကျွန်မ တောင်းပန်ပါတယ်နော်.. ကျွန်မ မှားသွားပါတယ်..''

ချုန်ရှင်းသည် သူဖုန်းကိုင်လိုက်သည်ကို ကြားကြား ချင်းပဲ သူမဟာ စငိုပါတော့သည်။

''ကျွန်မတို့တွေ အိမ်ကို သွားကြမယ်လေ မကောင်း ဘူးလား..''

ဟုတ်တာပေါ့.... သူမ ရည်ညွှန်းတဲ့အိမ်ဆိုသည်က သူမနှင့်ကျင်ဟောက်တို့ နှစ်ဝက်လောက် အတူတူနေခဲ့ကြ သော ဂေဟာငယ်လေးကိုပါ။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now