အခန်း - ၂၆

10.1K 1.2K 19
                                    

Zawgyi

အခန်း(၂၆)ဆုချီးမြှင့်ခြင်း

ကုကျင်က အဲ့ဒီအသေးစိတ် အချက်အလက်တွေကို ပြန်မှတ်မိလိုက်တဲ့အခါမှာ မုမျင်ချန်ကို စူးစူးစိုက်စိုက်နှင့် ဖျတ်ခနဲအကြည့်တစ်ချက် ပေးလိုက်သည်။

အဲ့ဒါ သူပဲ.....။

သူမရဲ့ သိချင်စိတ်အပြည့်နဲ့ စူးစိုက်ကြည့်နေမှုက သိသာသွားတယ်ထင်ပါရဲ့....ထိုယောက်ျားကို သူမဘက် ဆီ အမှုမဲ့အမှတ်မဲ့ ကြည့်လာစေတယ်လေ။ သူက သူ့ရဲ့ ရွှေရောင်ကိုင်းနဲ့မျက်မှန်ကို ပင့်တင်လိုက်ပြီးတော့ နှုတ် ခမ်းထောင့်စွန်းလေးက အပေါ်ကို မြင့်တက်သွားခဲ့၏။

ကုကျင် သူ့ရဲ့အပြုံးရေးရေးကို မြင်လိုက်မိပေမယ့် အံ့သြသွားဟန် မပြုရဲပေ။

သူမသည် နောက်ကွယ်က အရံဇာတ်ကောင်ဖြစ်တဲ့ မုမျင်ချန်ရဲ့နောက်ခံအကြောင်းကို ဖော်ပြထားတဲ့ ဝတ္ထုထဲ က အခန်းအနည်းငယ်ကို ပြန်စဉ်းစားလိုက်သည်။

သူဟာ အမည်မသိနိုင်တဲ့ မြောက်မြားစွာသော သွေး တွေ စွန်းထင်းနေသည့်လက်နဲ့အတူ ကမ္ဘာ့အန္တရာယ် အများဆုံး YMအပူပိုင်းဒေသမှာ တိုက်ခိုက်မှုတွေကြားထဲ အသက်ရှင်ကျန်နေရစ်ခဲ့တဲ့ ဘုရင်တစ်ပါးဖြစ်ပေသည်။ ဤလူဟာဆိုရင် အမှန်တကယ်ကိုပဲ နိုင်ငံရဲ့လက်ထဲမှ အတွင်းကျဆုံး လျှို့ဝှက်ကဒ်တွေထဲက တစ်ခုပဲဖြစ်လေ တယ်။

အခုသူက စစ်မှုထမ်းရာကနေ ထွက်ခွာလာပြီး အိမ်ကို ပြန်ရောက်လာခဲ့ပြီဖြစ်သော်လည်းပဲ လူအနည်းငယ်က သာ သူ့ရဲ့အစစ်အမှန်အနေအထားကို သိကြလေသည်။ သူ့အမေဘက်က မိသားစုရဲ့နောက်ခံရယ်......သူ့ရဲ့ အလုပ် လုပ်ရာမှာ ကြမ်းတမ်းပြီး ရက်စက်တဲ့နည်းလမ်းတွေနဲ့ အတူ မုမျင်ချန်ဟာ မိုးနဲ့မုန်တိုင်းတွေကို ကျော်ဖြတ်ပြီး သူ့ရဲ့လုပ်ငန်းတွေကို အောင်အောင်မြင်မြင်ပဲ တိုးတက် အောင်လုပ်နိုင်ခဲ့ပါသည်။

"မြန်မြန်လျှောက်လေ...''

အခမ်းအနားဆိုင်ရာအဖွဲ့ရဲ့ ဗန်းကိုင်မိန်းကလေးက သူမကို သတိပေးလိုက်တဲ့အခါမှာပဲ ကုကျင်က သူမရဲ့ လက်မောင်းကို ဆွဲခေါ်သွားခြင်း ခံလိုက်ရလေသည်။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now