Unicode
အခန်း (၄၂) Sugar Baby - 1
မုမိသားစုရဲ့ဥစ္စာဒါနပေါ်ကြွယ်ဝမှုကို ဖော်ပြထားခြင်း မရှိဘူးဆိုရင်တောင်မှ ပညာရှင်ကုက အဲ့အချက်ကို သိ ထားသင့်တယ်မလား?
မစ္စတာမုက ဒီအမျိုးသမီးလေးကို နှစ်သက်သွားတယ် ဆိုတာက အဆန်းတော့ မဟုတ်ပါဘူးလေ။ သူမက ထက်မြက်သည်။ ပြီးတော့ အချိန်အခါအလိုက် နေတတ်ထိုင်တတ်သည်။
သူမက အပြင်ပန်းမှာ နူးညံ့တယ်လို့ မြင်ရသော်လည်း
ကုကျင်က သူမရဲ့အရင်ပုံရိပ်ကို လုံးဝပြောင်းပြန်လှန်ပစ် ပြီး သူမကိုယ်သူမ နောက်လယ်ဗယ်(လ်)သစ်ဆီ မြှင့်တင် နိုင်၏။
ကုကျင်သည် ကားတံခါးပေါ်က မုမျင်ချန်ရဲ့ပုံရိပ် ယောင်ကို တချက်လှမ်းကြည့်သည်။ သူ့မျက်နှာက စိတ် ရှုပ်ထွေးနေမှန်း အသိအသာကြီးပဲ။ ခါတိုင်းဆို သူက အရမ်းတည်ငြိမ်သည်။ သူလိုလူမျိုးက သူ မင်းကို ဓားနဲ့ထိုး နေရင်းတောင် ပြုံးနေမယ့်လူစားမျိုးပင်။
သူမက မုမျင်ချန်ရဲ့အမူအရာကို လုံးဝအေးစက်သွား အောင်ဖြစ်သွားစေတဲ့ ဒီရွှီသခင်ကြီးကို ရုတ်ချည်း စိတ်ဝင်စားသွားသည်။
ဒါပေမယ့် 'ရွှီ အိမ်တော်' ?
မုမျင်ချန်ရဲ့မိခင်က ရွှီမျိုးရိုးမလား..
ရွှီအိမ်တော်ရဲ့သခင်လေးဖြစ်သူ အကြီးဆုံးသားက သူရဲ့ဝမ်းကွဲပဲဖြစ်မည်။ ဒါဆို ရန်လိုနေမှုကြီးက ဘာ့ ကြောင့်လဲ။
အဲ့အတိုင်းပါပဲလေ။ ချမ်းသာတဲ့မိသားစုက လူတွေမှာ ဆက်ဆံရေးတွေက ရှုပ်ထွေးလွန်းတယ်။
" မင်း ဘယ်သွားချင်တယ်လို့ ပြောလိုက်တာလဲ?"
မုမျင်ချန်ရဲ့အသံက သူမရဲ့အတွေးယာဥ်ကြောကို ထိုး ဖောက်သွားခဲ့သည်။
"ကျွန်မက တစ်နေရာရာကိုသွားဖို့ စဥ်းစားနေတာ မဟုတ်ပါဘူး။ အကယ်၍ မစ္စတာမုမှာ လုပ်ဆောင်စရာရှိ တယ်ဆိုရင် ကျေးဇူးပြုပြီး အဲတာကိုလုပ်ဆောင်ပါ.."
သူမက ပြုံးပြီး ချင့်ချင့်ချိန်ချိန်နှင့် ပြောပြ၏။
"ကျွန်မဘာသာ နည်းနည်းလောက် လျှောက်ပတ် ကြည့်ပြီး ခဏလောက်နေရင် ပြန်လိုက်ပါ့မယ်.."
YOU ARE READING
ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed)
RomanceBoth Unicode&Zawgyi Link: www.novelupdates.com Author: Jiang Li Yuan English Translation Name:I refuse to be a supporting character 155Chapters(Completed) Credit to Original Author and English Tra...
