Unicode
အခန်း(၆၄) အလှလေးကို ကယ်တင်သောဟီးရိုး-၂
ဒီနေ့ပြီးရင်တော့ ကျင်ဟောက်က ချုန်ရှင်းကို သူမရဲ့ ဝမ်းကွဲနဲ့ဝေးဝေးနေဖို့ အကြံပေးရပါလိမ့်မည်။
ဒါပေမယ့် အခုတော့ ကုကျင်ကိုမေးမြန်းဖို့ နောက် ထပ် အရေးကြီးတဲ့ကိစ္စရှိနေသေး၏။
"ကုကျင်...မတွေ့တာကြာပြီ...''
ကျင်ဟောက်သည် ကုကျင်၏ဘေးနားရပ်နေတဲ့ အဖြူရောင်ဝတ်စုံနဲ့ အမျိုးအသားကို တမင်တကာပဲ မသိကျိုးကျွန်ပြုထား၏။ ပြီးတော့ မိတ်ဆက်ဖို့ သူ့လက် ကို လှုပ်ယမ်းပြီးတောင်မှ ဒုက္ခခံမနေခဲ့ပေ။ သူက ကုကျင် ကို ခေါင်းညိမ့်ရုံမျှသာ ညိမ့်ပြလိုက်ရင်း မေးလိုက်သည်။
''ငါ့ကို ပြောပြပါ... ချုန်ရှင်းကို အနိုင်ကျင့်ရဲတာက ဘယ်သူလဲ?...''
သူ့ရဲ့မျက်လုံးတွေက လူအုပ်ကြီးထဲ သိမ်းကျုံးကြည့် လိုက်သည်။ ဒါပေမယ့် သူဟာ တရားခံက ကုကျင်ဖြစ် နေလိမ့်မယ်လို့ လုံးဝသံသယမဝင်ခဲ့ချေ။
ကျင်ဟောက်က သူမကို စောင့်ကြည့်နေစဥ်မှာပဲ ကုကျင်ကလည်း သူ့ကို တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြီး ကြည့်နေခဲ့၏။ အနီးကပ်ကြည့်လျှင် အနက်ရောင်ဝတ်စုံနဲ့ ကျင်ဟောက်မှာ တည်ကြည်ပြီး ဆွဲဆောင်မှုရှိတဲ့ ပင်ကိုယ်စရိုက်တစ်ခု ရှိလေသည်။ သူ့မှာ အမှန်တကယ် ကို အင်အားနဲ့အရည်အချင်းတွေနဲ့ လူတစ်ယောက်ရဲ့ အမူအရာတွေ ရှိနေခဲ့သည်။
သူက မိုက်မဲတဲ့ပျားတွေနဲ့ stalkersတွေကို ဆွဲဆောင် နိုင်တာက အံ့သြစရာမဟုတ်ပေဘူး။ ဒါကြောင့်ပဲ ချုန်ရှင်း ရဲ့သဝန်တိုမှုတွေကို ရန်စခံနေရတာပေါ့။ ဒါက သူစကား ပြောတဲ့ပုံစံက နည်းနည်း စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းနေတဲ့အချက်ပဲ။
ကုကျင်သည် သူမရဲ့လက်ကို မုမျင်ချန်ရဲ့ကျယ်ပြန့်တဲ့ လက်ဖဝါးဆီကနေ ဆွဲယူလိုက်ပြီးနောက် လက်တွေကို ပွတ်လိုက်သည်။ သူမက သာမန်ကာလျှံကာ တစ်ချက် ကြည့်လိုက်ရင်း ပြန်ဖြေလိုက်၏။
''ကျွန်မ မသိဘူး...''
ကုကျင်ရဲ့စိတ်မဝင်စားသလိုသဘောထားက ကျင် ဟောက်ကို မကျေမနပ်ဖြစ်စေသည်။ သူက ထိုစုံတွဲရဲ့ ပွင့်ပွင့်လင်းလင်း ပရောပရီလုပ်နေခြင်းကို ကြည့်နေ၏။ သူ့ရဲ့မျက်နှာက မည်းမှောင်လာခဲ့ပြီးတော့ အေးစက်နေတဲ့ အသံနဲ့ သူမကို မေးသည်။
YOU ARE READING
ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed)
RomanceBoth Unicode&Zawgyi Link: www.novelupdates.com Author: Jiang Li Yuan English Translation Name:I refuse to be a supporting character 155Chapters(Completed) Credit to Original Author and English Tra...
