အခန်း - ၉၃

6.9K 712 21
                                        

Unicode

အခန်း(၉၃)ဝရုန်းသုန်းကားဖြစ်ခြင်း

မုမျင်ချန်က ခွက်မြှောက်ဖို့ကို ငြင်းဆန်သောအခါ ထိုအုပ်စုက သူ့ကို ဝိုင်သောက်ဖို့ ထပ်မပြောတော့ချေ။ ထိုအစား သူတို့က သူ့ကို သူ၏နိုင်ငံရဲ့ကျန်းမာရေးလေ့ ကျင့်မှုနှင့်အတူတကွ ခန္ဓာကိုယ်အား ဂရုစိုက်တဲ့အတွက် ချီးကျူးနေကြတော့၏။

ကုကျင် သူမဖာသာ ဟွန်းခနဲလုပ်မိသည်။ ကျန်းမာ ရေးလိုက်စားတော့ရော ဘာလုပ်ရမှာလဲ? အဲ့အစား ထို လူကြီးက ဖြစ်လာနိုင်တဲ့ပြဿနာတွေကို ဝိုင်ကို ငြင်းလိုက် ပြီးရှောင်ရှားတာပဲနေမှာ။ အတွေ့အကြုံကနေ သင်ယူ လိုက်ရပုံပဲ။ နိုင်ငံခြားရောက်နေချိန်မှာ အိမ်မှာရှိနေတာ ထက်စာရင် အရေးပေါ်အခြေအနေကို ကိုင်တွယ်ဖို့ လွယ် မှာမဟုတ်ဘူးလေ။

ပြောလေ့ရှိကြတာတော့ အလုပ်လုပ်ချိန်မှာ အမျိုးသား တွေက ဆွဲဆောင်မှုအရှိဆုံးတဲ့။ ဒါပေမယ့် ယောက်ျား အများစုကတော့ အသုံးမကျပါဘူး။ သူမရဲ့အိမ်မက် ကြောင့်ပဲလားတော့ ကုကျင်မသိချေ။ သို့သော် အကြောင်း ပြချက်တစ်ချို့ကြောင့် သူမ ဒီထောင့်ကနေ မုမျင်ချန်ကို လှမ်းကြည့်သည့်အချိန်တိုင်း သူ၏ ချေငံပြေပြစ်သော စကားလုံးတွေနှင့် ထက်မြက်သောအရှိန်အဝါက သူ့ကို ပိုမိုချောမောပြီး ကြော့ရှင်းနေစေသည်။ သူမအတွက် တော့ သူက ဒီတိုင်း-သွားရည်ယိုစေသော မုန်လာဥနီတစ် လုံးလိုပဲ။

အိုး မိုင် ဂေါ့, မဖြစ်နိုင်တာ!

ကုကျင်သည် ပြတင်းပေါက်ကို မှီထားရင်း သူမရဲ့ မျက်ဝန်းတွေက အပြင်က ခဏတဖြုတ်မြင်ရသော မြင် ကွင်းတွေကို စူးစမ်းနေ၏။ အပြင်လူတစ်ယောက်ရဲ့ အမြင်မှာဆိုရင်တော့ သူမရဲ့မျက်လုံးတွေက ခံစားချက် မရှိဘဲ ရှင်းလင်းနေပေမည်။ သူမ ဘာတွေးနေသလဲဆို တာကို မှန်းရခက်ပေသည်။

"ရပ်လိုက်, ငါတို့ ဒီမှာပဲ ဆင်းမယ်"

ကားသည် ခြေလျင်သွားလမ်းရှေ့မှာ ရပ်သွားပြီး မုမျင်ချန်က တံခါးကို ဖွင့်လိုက်သည်။

"ဘာဖြစ်လို့လဲ?" ကုကျင်သည် ပိုက်ဆံအိတ်ကို ကိုင်၍ ကားထဲမှထွက်လာ၏။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Donde viven las historias. Descúbrelo ahora