အခန်း - ၅၁

8.8K 1.1K 14
                                    

Unicode

အခန်း(၅၁) ကျင်မိသားစုပါတီပွဲ-၁

"ကောင်းပြီလေ.... မြန်မြန်လာနော်......ဒီကိုရောက် လာရင် ဖုန်းဆက်လိုက်....''

(၁၀)မိနစ်လောက်ကြာပြီးနောက် ကားသည် ဒင်နာပွဲ ကျင်းပမယ့်နေရာကို ရောက်လာခဲ့သည်။

ကုကျင်က ကားထဲကနေ ထွက်လာပြီးတော့ ဟိုတယ် ထဲသို့ ဝင်သွားခဲ့သည်။ ဝင်ပေါက်ကို ရောက်တဲ့အခါမှာ ပါတီက စ​တော့မလို့ပင်။ သူမက ဖိတ်စာကို တံခါးစောင့် ကို ပြလိုက်ပြီးချက်ချင်းပဲ ဝင်လာ၏။

ကြီးကျယ်ခမ်းနားလှတဲ့ ဟောခန်းမကြီးထဲမှာ ဟိုဟို သည်သည် သွားလာနေကြတဲ့လူတွေနဲ့ ပြည့်နှက်လို့နေ သည်။ တန်ဖိုးကြီးတဲ့ဖန်သား မီးပန်းဆိုင်းတွေက ကြမ်းခင်းတိုင်းရဲ့အထက်မှာ အလင်းရောင်တောက်ပလို့ နေလေရဲ့။ ဒီအချိန်မှာ ဧည့်သည်တွေ တော်တော်များများ ရောက်ရှိလာကြပြီဖြစ်သည်။

ထူးချွန်ပြောင်မြောက်လှတဲ့ အလင်းရောင်တွေ လက်ရာမြောက်လှတဲ့ဝတ်စုံတွေနဲ့ စွဲမက်ဖွယ်ရာမွှေးရနံ့ တွေဟာ အာရုံခံစားခြင်းနဲ့ပျော်ရွှင်မှုကို ရှာဖွေခြင်းရဲ့ ပတ်ဝန်းကျင်တစ်ခုကို ပေးနေလေသည်။

ဧည့်သည်တွေနဲ့ ပြည့်လျှံနေတဲ့ခန်းမကြီးကို ချမ်းမြေ့ စေတဲ့တေးဂီတသံစဥ်တွေနဲ့ ထပ်ဖြည့်ထား၏။ အဲ့ပုဂ္ဂိုလ် တွေက တကယ်တမ်းဘယ်သူတွေဆိုတာက အရေးမကြီး ချေ။ အနည်းဆုံးတော့ ဒီအခိုက်အတန့်လေးမှာ သူတို့တွေ ဟာ အချင်းချင်းစည်စည်ကားကား စကားစမြည်ပြောဆို နေကြရင်း ရယ်မောပျော်ရွှင်နေကြတဲ့ တပ်မက်ဖွယ် ကောင်းသော အမျိုးသားတွေနှင့်အမျိုးသမီးတွေပဲ ဖြစ်ကြ ပေတယ်။

အဖြူရောင်ကြယ်သီးတပ် ရှပ်အင်္ကျီနဲ့ အနက်ရောင် ဘောင်းဘီကို ဝတ်ဆင်ထားတဲ့ဝိတ်တာတစ်ယောက်ဟာ ဧည့်သည်တွေကို ကမ်းလှမ်းပေးဖို့ သောက်စရာတွေနှင့် လင်ဗန်းတစ်ခုကို ကိုင်ထားရင်း လူအုပ်ကြားထဲမှာ လမ်း လျှောက်နေသည်။

ကုကျင် ဟောခန်းမကြီးထဲ ဝင်လိုက်တဲ့အခါမှာ သူမရဲ့ 'ငါးအမြီး'စကတ်နှင့် ဝိုင်နီရောင်ဝတ်စုံရယ် လက်ရာမြောက်လှတဲ့ မိတ်ကပ်အပြင်အဆင်တို့ကြောင့် မရေမတွက်နိုင်တဲ့ အမျိုးသားနဲ့အမျိုးသမီးတွေ၏အာရုံကို ရုတ်တရက်ကြီး ဆွဲဆောင်လိုက်မိလေသည်။ မနာလိုပြီး ကသိကအောက်ဖြစ်နေတဲ့ ဝိုင်းကြည့်နေကြသူတွေရဲ့ အကြည့်တွေဟာ သူမရဲ့ပုံပန်းသဏ္ဍာန်ပေါ်မှာ တဝဲလည် လည် ဆက်ဖြစ်နေလေသည်။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now