Unicode
အခန်း(၅၅) ကျွန်မကို နောက်ကျမှအပြစ်မတင်နဲ့
ရွှင်လန်းတက်ကြွဖွယ် ဝေါ့ဇ်ဂီတသံက ဟောခန်းမ ထဲဝယ် လွင့်မြောလာတဲ့အခါ ကျင်ရော့ဟာ ကျင်ဟောက် နှင့်အတူ သူမရဲ့အကကို စတင်သည်။ သူမရဲ့ ပေါ့ပါးတဲ့ခြေ လှမ်းကွက်တွေနှင့် အသက်ဝင်လှတဲ့ လှုပ်ရှားမှုတွေဟာ သူမရဲ့တွဲဖက်အပေါ် သူမရဲ့ခံစားချက်တွေကို ဖော်ပြနေ လေသည်။
"အဲ့မှာ ကြည့်စရာဘာရှိလို့လဲ?...''
ကုကျင်က စင်အလယ်ကယောက်ျားအား စိုက်ကြည့် နေတာကို တွေ့လိုက်တဲ့အခါမှာ မုမျင်ချန်ဟာ မကျေမနပ် နဲ့ပြောသည်။ သူဟာ သူမရဲ့လက်နားက သူ့ရဲ့ဆုပ်ကိုင်မှု ကို တင်းကြပ်လိုက်၏။
ဒါပေမယ့် သူ သူမလေးရဲ့ နူးညံ့တဲ့အသားအရေကို ခံစားမိလိုက်ချင်းချင်းပဲ သူဟာ သူမအပေါ် ဖိအားတွေကို ထပ်ပြီးမထားနိုင်တော့ပဲ သူမလက်ကို လွှတ်ပေးသည်။
ကုကျင်ရဲ့အမြင်အရဆိုရင် ကပွဲကြမ်းပြင်ပေါ်က ထိုလူဟာ ထင်ရှားတဲ့ကျင်မိသားစုရဲ့ တတိယမျိုးဆက် ဖြစ်သည်။ သူဟာ သူမနဲ့အသက်တူတူလောက် ဖြစ်ပုံပေါ် ပြီးတော့ မြို့တော်မှာ သူ့ကိုယ်သူနာမည်တစ်ခုရအောင် လုပ်ထားပြီးလေပြီ။ ယောက်ျားတစ်ယောက်ရဲ့ ရေခဲတုံး ပုံစံဟာ မိန်းမတွေကြားထဲ အလွန်ရေပန်းစားတယ်ဆိုတာ ကို ကြားဖူးသည်။
မုမျင်ချန်ဟာ သူ့မျက်ခုံးတွေကို တွန့်ချိုးထားခဲ့၏။
သူမရဲ့လက်ကောက်ဝတ်ဆီက အနည်းငယ် နာကျင် မှုသည် ကုကျင်ရဲ့အာရုံကို ကနေတဲ့စုံတွဲဆီကနေ အဝေး ကို ဆွဲခေါ်သွားခဲ့သည်။ သူမဟာ နောက်ကို လှည့်ကြည့် ပြီးတော့ သူမရဲ့အကျင့်မကောင်းတဲ့ချစ်သူကို စိန်းစိန်း ဝါးဝါး ကြည့်သည်။
ဒီအလှလေးရဲ့စူးရှတဲ့အကြည့်က အရမ်းကိုအန္တရာယ် များတာပဲ။ အထူးသဖြင့် မက်မွန်ပန်းသဏ္ဍာန် မျက်ဝန်း တွေနဲ့ဆိုရင်ပေါ့။
သူတို့ သုံးလအတွင်း လမ်းခွဲရလိမ့်မယ်လို့ မုမျင်ချန် မှာ ယုံကြည်မှုရှိနေတာတောင်မှ သူဟာ ကူကယ်ရာမဲ့စွာ နဲ့ပဲ သူ့ရဲ့နှလုံးသည်းညှာကို ဆွဲထားသလို ခံစားလိုက်ရ ၏။ ရုတ်တရက်ကြီး သူ့ရဲ့လည်ချောင်းဟာ အနည်းငယ် ခြောက်သွေ့လာသလို ခံစားလိုက်ရသည်။ မှားယွင်းတဲ့ နေရာနဲ့အချိန်သာ မဟုတ်ခဲ့ဘူးဆိုရင် သူ ဒီဆွဲဆောင်မှုရှိ တဲ့မိန်းကလေးကို နမ်းမိလိမ့်မယ်။
ВЫ ЧИТАЕТЕ
ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed)
Любовные романыBoth Unicode&Zawgyi Link: www.novelupdates.com Author: Jiang Li Yuan English Translation Name:I refuse to be a supporting character 155Chapters(Completed) Credit to Original Author and English Tra...
